News

POST TAGGED AS

တပ်မတော်

နာဂရိုးရာ နှစ်သစ်ကူးပွဲတော် လဟယ်မြို့တွင် ကျင်းပ

လဟယ်၊ ဇန်နဝါရီ ၁၄

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို  ယနေ့ (ဇန်နဝါရီလ ၁၄ ရက်)မှ စတင်ကာ နှစ်ရက်အကြာ ကျင်းပလျက်ရှိရာ နာဂတိုင်းရင်းသား မျိုးနွယ်စု ပေါင်းစုံ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော် တက်ရောက်သည်။

၂၀၀၂ ခုနှစ်မှ စတင်ကာ နာဂတိုင်းရင်းသား ရိုးရာနှစ်သစ်ကူး ပွဲတော်ကို လေရှီး၊ လဟယ်၊ နန်းယွန်း စသည်မြို့များတွင် အလှည့်ကျ ကျင်းပခဲ့ရာမှ ယခု ၂၀၁၇ ခုနစ်တွင် ပထမဆုံး အကြိမ်အဖြစ် နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ အဖွဲ့နှင့် နာဂဦးစီးအဖွဲ့ စုပေါင်း ကျင်းပသောနိုင်ခြင်း ဖြစ်သည်။

“နာဂအားလုံး တစ်နေရာထဲမှာ တစ်စုတစ်စည်းတည်း စုစည်းပြီးတော့ ကျင်းပနိုင်တာ ဖြစ်တယ်။ နာဂညီအစ်ကိုတွေ စုစုစည်းစည်းနဲ့ စုပေါင်းပြီး လုပ်နိုင်တဲ့ပွဲ တစ်ခုကတော့ ဒီနှစ်ရဲ့ ထူးခြားမှု တစ်ခုဖြစ်တယ်”ဟု နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ စီမံခန့်ခွဲရေးရာ တာဝန်ခံ ဦးလော်ယုံ ပြောကြားသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ပါ တက်ရောက်မည်ဖြစ်ကြာင်း ဦးလော်ယုံက ဆိုသည်။

“နာဂတွေမှာက မျိုးနွယ်စုပေါင်း များစွာ ရှိပါတယ်။ အဲ့ဒီမျိုးနွယ်စုတွေကို စုပေါင်းပြီး မျိုးနွယ်စု တစ်စုနဲ့တစ်စု မကျေလည်တာတွေ ရှိခဲ့ရင် ဒီပွဲတော်ကနေ ကျေလည်မှု ရှိအောင် ဒီပွဲတော်ကနေ လာမယ့် တစ်နှစ်ပတ်လုံး ကိုယ်ရဲ့ မျိုးနွယ်စုတွေ ဘာတွေ စုပေါင်းပြီး လုပ်ကြမလဲ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်”ဟု နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောကြားသည်။

R-20



FOLLOW US