News

POST TAGGED AS

တပ်မတော်

01-Oct-2017

တပ်မတော်
တပ်မတော်အပေါ် စွပ်စွဲမှုနှင့်ပတ်သက်၍ သမ္မတရုံးထံ ယနေ့ တင်ပြမည်
ရန်ကုန်၊ အောက်တိုဘာ ၁

ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်တွင် တပ်မတော်အပေါ် စွပ်စွဲထားမှုနှင့်ပတ်သက်၍ သမ္မတရုံးသို့ ယနေ့(အောက်တိုဘာလ ၂ ရက်)တွင် တင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် မွတ်ဆလင် ဒုက္ခသည်များအနက် အမျိုးသမီး ဆယ်ဂဏန်းခန့်ကို တပ်မတော်သားအချို့က အဓမ္မပြုကျင့်ခဲ့သည်ဟု ကုလသမဂ္ဂ ကျန်းမာရေး ဝန်ထမ်းများ ထုတ်ဖော်ပြောကြားချက်အပေါ် ကိုးကား၍ ရိုက်တာ သတင်းဌာနက စက်တင်ဘာလ ၂၄ ရက်က ဖော်ပြခဲ့သဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဘူးသီးတောင်နှင့် မောင်တောမြို့များသို့ ဘင်္ဂါလီရွာ၊ ဟိန္ဒူရွာနှင့် တိုင်းရင်းသားကျေးရွာများသို့ သွားရောက် စုံစမ်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် စက်တင်ဘာလ ၂၄ ရက်မှစ၍ ခြောက်ရက်တာ ကာလတွင် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ ကျေးရွာ ၁၃ ရွာ၊ ဒုက္ခသည်စခန်း ၁၆ ခုအပြင် ဒေသခံ ၁၂၁ ဦးကို တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေ  ဘင်္ဂါလီ အမျိုးသမီးတွေကို မတရားပြုကျင့်တဲ့ဆိုတာ ဟုတ်လားမေးတော့ မလုပ်ပါဘူးတဲ့ ဒေသခံတွေ ဖြေတယ်။ အန်ကယ်တို့ကလည်း နိုင်ငံတကာ မီဒီယာမှာ တပ်မတော်က ဘင်္ဂါလီ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တယ်ဆိုတာကို လွှင့်နေတော့ သွားစုံစမ်းတာပါ”ဟု ၎င်းက ဆိုသည်။

ဩဂုတ်လ ၂၅ ရက် အကြမ်းဖက်မှုဖြစ်စဉ် မတိုင်ခင်ကတည်းက အစိုးရနှင့် ဆက်သွယ်သူဟု ယူဆသည့် အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ စာကြည့်တိုက်မှူးများ သတ်ဖြတ်ခံရစဉ်မှာပင် တိုင်းရင်းသားကျေးရွာ အုပ်စုများအပေါ် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဒေသခံများ၏စကားကို ကိုးကားပြီး ၎င်းက ဆက်လက် ပြောဆိုသည်။

J-18



FOLLOW US