News

POST TAGGED AS

တပ်မတော်သား

02-Apr-2018

ရှမ်းပြည်
နောင်တုံကန် သံပန်းများ မကြာခဏ ဖျက်ဆီးခံရ


ကျိုင်းတုံ၊ ဧပြီ ၁

ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နောင်တုံကန်ကြီး၌ ကာရံထားသည့် သံပန်းအလှများ မကြာခဏ ဖျက်ဆီးခံနေရသော်လည်း ဖျက်ဆီးသူများကို တစ်ကြိမ်မျှ မဖမ်းမိကြောင်း ဒေသခံများက ပြောကြားသည်။

“ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပေမယ့် ဒီဟာကို အသက်ဝင်အောင် တာဝန်ခံပေးမယ့် အဖွဲ့တွေဖွဲ့စည်းပြီး စောင့်ကြည့် တာဝန်ပေးဖို့လိုတယ်၊ သံပန်းတွေ ခဏတိုင်း ဖျက်ဆီးခံနေရတဲ့အတွက် ပြန်ပြုပြင်ရင် ပြည်သူတွေရဲ့ အခွန်ငွေတွေပဲ အကျိုးမရှိဖြုန်းတီးကုန်လို့ အားလုံးဝိုင်းဝန်းထိန်းသိမ်းဖို့လိုတယ်”ဟု စည်ပင်သာယာဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ပြောဆိုသည်။ 

နောင်တုံကန်တွင် ကာရံထားသည့် သံပန်းအလှများနှင့် ကွန်ကရစ်တိုင်များသည် ညပိုင်းတွင် မကြာခဏ ဖြိုဖျက်ခံနေရ၍ ယင်းနေရာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မတ်လက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ ဖျက်ဆီးသူများကို စောင့်ကြည့်ဖမ်းဆီးပြီး အမှုဖွင့်အရေးယူပါက နောက်လူများ ထပ်မံဖျက်ဆီးရဲမည် မဟုတ်ကြောင်း မြို့မိမြို့ဖတစ်ဦးက သုံးသပ်သည်။ 

ကျိုင်းတုံမြို့လယ်ရှိသည့် နောင်တုံကန်မှာ ၃၅ ဧကကျော် ကျယ်ဝန်းပြီး သံပန်းအလှများကို ၂၀၀၈ ခုနှစ်တွင် ကာရံထားကြောင်းသိရသည်။ 

R-16



FOLLOW US