News

POST TAGGED AS

တန်ဖိုးမျှတအိမ်ရာ

ရေမြောင်းအတွင်း စားကြွင်းစားကျန်စွန့်သည့်ဆိုင်များကို ကျပ်တစ်သိန်းနီးပါးဒဏ်ရိုက်
မန္တလေး၊ ဩဂုတ် ၁၆

ရေမြောင်းများအတွင်း စားကြွင်းစားကျန်များစွန့်ပစ်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့ကို ကျပ်ရှစ်သောင်းခွဲစီ ဒဏ်ရိုက်အရေးယူခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျက ပြောကြားသည်။

ပိတ်ဆို့နေသော ရေမြောင်းအတွင်း စစ်ဆေးရာမှ ကြွင်းကျန်သောအစာများနှင့်ဆီများခဲနေသည်ကို တွေ့ရှိရသောကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ယင်းဆိုင်နှစ်ဆိုင်ကို ဒဏ်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လမ်း ၈၀ ပေါ်ရှိ တရုတ်ဘုံကျောင်းအနီး မြောင်းရေမစီးသောကြောင့် သန့်ရှင်းရေးပြုလုပ်ရာမှ ဆီခဲများ ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းအတွက် ဒဏ်ငွေကျပ် ငါးသောင်း၊ ဆီခဲသွားရောက်စွန့်ပစ်ရသည့် မော်တော်ယာဉ်စရိတ်အတွက် သုံးသောင်းခွဲကျပ်စီ ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆိုင်များအနေနှင့် ပထမအကြိမ်ဖြစ်သောကြောင့် ဒဏ်ငွေဖြင့် အရေးယူခံရခြင်းဖြစ်သော်လည်း ဒုတိယအကြိမ်ထပ်မံတွေ့ရှိပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းမည်ဖြစ်ကာ တတိယအကြိမ်တွင် ဆိုင်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးထားသည်။  

M-07



FOLLOW US