News

POST TAGGED AS

တန်ဖိုးနည်း အိမ်ရာ

တန်ဖိုးနည်းအိမ်ရာများကို အိမ်ငှားခဈေးနှုန်းကဲ့သို့ လစဉ်ငွေသွင်းပြီး နှစ်ရှည်ချေးငွေစနစ်ဖြင့် ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
အရစ်ကျစနစ်ဖြင့် ရောင်းချပေးသည့် တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းဝယ်ယူသူများအနေနှင့် ဘဏ်သို့ လစဉ်ပေးသွင်းနေသည့် တိုက်ခန်းတန်ဖိုးငွေ လေးလဆက်တိုက် ပျက်ကွက်ပါက တိုက်ခန်းပြန်သိမ်းမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မဲနှိုက်ရောင်းချခဲ့သည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများ ဝယ်ယူခွင့် ရရှိသူများအနေနှင့် သတ်မှတ်ရက်အတွင်း မဆက်သွယ်ပါက တိုက်ခန်းဝယ်ယူခွင့်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသွားသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အိမ်ခန်းလျှောက်လွှာများကို ဇူလိုင်လ ၂၄ ရက်နေ့ကစ၍ ဝန်ထမ်းများကို စတင်ရောင်းချခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှရောင်းမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများ ဝယ်ယူခွင့်လျှောက်ထားသူများထဲမှ မဲပေါက်သူများ၏ အမည်စာရင်းများကို ဇူလိုင်လပထမအပတ်တွင် ကြေညာမည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာရောင်းချရေး ကော်မတီဝင်ဖြစ်သူ ဦးညီညီက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝင်ငွေနည်းပြည်သူများနှင့် ပုဂ္ဂလိကဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများကို ရောင်းမည့်တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ဇွန်လ ၂၃ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနရုံးတွင် မဲနှိုက်ရောင်းမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
လှည်းကူးမြို့နယ်ရှိ မြေဧက ၁၄၀၀ ကျော်ပေါ်တွင် တည်ဆောက်မည့် ECO Green City စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျရန် ခန့်မှန်းထားပြီး ယခုလက်ရှိ တန်ဖိုးနည်းအိမ်ရာများကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်သည် ယခုအခါ လူခြောက်သန်းခန့် မှီတင်းနေထိုင်သော မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့ကြီးဖြစ်ပြီး နောင် ၁၀ နှစ်ခန့်တွင် လူ ၁၀ သန်း ကျော်နေထိုင်သည့် မဂ္ဂါစီးတီးမြို့ကြီးဖြစ်ရန် အသင့်ပြင်လျက်ရှိသည်။ နိုင်ငံအနှံ့မှ ပြောင်းရွှေ့နေထိုင်မှုများ တိုးပွားလာသည့်နည်းတူ နေထိုင်ရန်အတွက် အိမ်နှင့် အခန်းလိုအပ်ချက်များကလည်း မြင့်တက်လျက်ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရအစိုးရသည် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရေးကြိုးပမ်းနေကာ ပြီးခဲ့သောရက်ပိုင်းကမူ ရန်ကုန်တွင် ငှားရမ်းနေထိုင်သည့် အိမ်ငှားခအတိုင်း လစဉ်ပေးပြီး ၂၅ နှစ်ခန့်အတွင်း အိမ်ပိုင်နိုင်သော ချေးငွေအိမ်ရာစီမံကိန်းကို စတင်လာခဲ့သည်။ (အယ်ဒီတာ)
တန်ဖိုးနည်းအိမ်ရာများသည် အတိုးနှုန်းဖြင့် တွက်ကြည့်ပါက တိုက်ခန်းတစ်ခန်းလျှင် မူရင်းရောင်းဈေးထက် များစွာကြီးမြင့်သွားခြင်းကြောင့် အတိုးမပါဘဲ ရောင်းချနိုင်မည့်နည်းလမ်းကို ရှာဖွေနေကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝင်ငွေနည်းပြည်သူများနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို အများဆုံးရောင်းချပေးသွားမည့် တိုက်ခန်းဝယ်ယူခွင့်ဖောင်များကို လာရောက်လျှောက်ထားသူ ခြောက်ထောင်ကျော်ရှိပြီး မဲနှိုက်မည့်နေ့ကို ယခုလတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။