News

POST TAGGED AS

တနင်္သာရီ

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများကို စံပြဆေးရုံဆုများ ရွေးချယ်ပေးအပ်ရာတွင် ပုလောမြို့နယ်ဆေးရုံနှင့် တကူတိုက်နယ်ဆေးရုံတို့က စံပြ ပထမဆုများရရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနထံမှ သိရသည်။
တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့် မဲဆွယ်အပြုံးသရော်စာအမှုကို မတ်လ ၁၂ ရက်ကစစ်ဆေးရာ စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က စုစုပေါင်းသက်သေခံ ခြောက်ခုတင်သွင်းခဲ့သည်။
တနင်္သာရီတိုင်းအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းအချို့ကို တိုင်းလွှတ်တော်သို့ တင်ရန် လို/မလိုနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ တင်သွင်းမေးမြန်းမည့်ကိစ္စအား ဆိုင်းငံ့ကာ အခြေအနေစောင့်ကြည့်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (TRIC) ဖွဲ့စည်းပြီး အချိန်ရှစ်လအတွင်း ခွင့်ပြုခဲ့သည့် လုပ်ငန်း ၈ ခုအနက် ဟိုတယ်လုပ်ငန်း ထက်ဝက်ပါဝင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက ပြောသည်။
ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဒီရေတောများကို စနစ်တကျ စီမံအုပ်ချုပ်ခြင်းစီမံကိန်းကို ဒိန်းမတ်နိုင်ငံ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးရှိ ကင်းမွန်ဖမ်းဆီးသည့် လုပ်ငန်းများသည် ငါးဖမ်းလိုင်စင် မရရှိသေးသည့်အတွက် ပင်လယ်ပြင်သို့ထွက်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ငါးဖမ်းလုပ်ငန်းလိုင်စင် (သို့မဟုတ်) ယာယီလိုင်စင်များ ထုတ်ပေးရန် အစိုးရထံ တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း အခြေစိုက် ထုတ်ဝေလျက်ရှိသည့် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြပါရှိသော မဲဆွယ်အပြုံးအမည်ရ သရော်စာနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးတိုက်လျှောက်ထားမှုတွင် သတင်းမီဒီယာဥပဒေဖြင့် အရေးယူသွားရန် ဒီဇင်ဘာလ ၂၁ ရက်က အမိန့်ချလိုက်ကြောင်း ထားဝယ်မြို့နယ်တရားရုံးထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း အခြေစိုက် ထုတ်ဝေလျက်ရှိသည့် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြပါရှိသော “မဲဆွယ်အပြုံး”သရော်စာကိစ္စနှင့် ပတ်သက်၍ ယနေ့ (ဒီဇင်ဘာလ ၆ ရက်)က ထားဝယ်မြို့မ ရဲစခန်းက တာဝန်ခံအယ်ဒီတာဖြစ်သူကို စတင် စစ်ဆေးခဲ့သည်။
မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီ တိုင်းဒေသကြီးတွင် အကောင်အထည်ဖော် တည်ဆောက်မည့် ထားဝယ် အထူး စီးပွားရေးဇုန်၏ ပထမအဆင့် စီမံကိန်းအတွင်း ထိုင်း-မြန်မာ ပညာရှင်များ လေ့လာဆန်းစစ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ နှစ်ပေါင်း ၈၆၀ ကျော်သက်တမ်းရှိ ရိုးရာနဂါးလှေတော်ပွဲကို ရေရှည်ထိန်းသိမ်းနိုင်ရန် အစိုးရက ကူညီပံ့ပိုးရန် လိုအပ်ကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ သိရသည်။