News

POST TAGGED AS

တနင်္သာရီ

အမ်းတွင် ဒေါက်တာအေးမောင် ဦးဆောင်
အမ်း၊ ဧပြီ ၂

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၁၃၇ ရုံတွင် မဲရုံ ၇၅ ရုံပါတီ ရေတွက်ပြီးစီးမှု အခြေအနေများအရ ရခိုင်အမျိုးသားပါတီ ANP မှ ဒေါက်တာအေးမောင်က မဲ၉၅၀၀ အသာစီးဖြင့် ဒုတိယနေရာမှ USDP ပါတီကို ဦးဆောင်နေကြောင်း ANP ဗဟိုကော်မတီဝင်များက ပြောကြားသည်။

မဲရုံပေါင်း ၇၅ ရုံ မဲရေတွက် ပြီးစီးမှုအရ မဲဆန္ဒရှင်ပေါင်း ၂၇၈၇၀ မဲပေးခဲ့ရာတွင် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်မှာ မဲအရေအတွက် ၁၅၆၇၄ မဲဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာမှ USDP မှာ ၅၃၂၉ ရရှိပြီး၊ တတိယနေရာမှ NLD ပါတီမှာ ၄၅၈၉ မဲရရှိနေကြောင်း မဲဆန္ဒ စောင့်ကြည့်လေ့လာသူများက ပြောကြားသည်။

R-04
ဓာတ်ပုံ - မြတ်သူထွန်း




FOLLOW US