News

POST TAGGED AS

တင်ဒါ

မန္တလေးတိုင်းရှိ အင်းနှင့် တင်ဒါလုပ်ကွက်များ ရက်ပိုင်းအတွင်းလေလံပစ်မည်
မန္တလေး၊ မတ် ၂၁

မန္တလေးတိုင်းအတွင်းရှိ အင်းများနှင့် တင်ဒါလုပ်ကွက်များကို မတ်လ ၂၄ ရက်နေ့ကစ၍ လေလံပစ်မည်ဟု မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးလှဝင်းက ပြောကြားသည်။

မန္တလေးတိုင်းအတွင်း ရသင့်ရထိုက်သည့် အခွန်အခများရရှိစေရန်၊ အင်းများ၊ တင်ဒါလုပ်ကွက်များ တိမ်ကောပျက်စီးခြင်းမှ ကာကွယ်ရန်နှင့် ရေချိုငါးထုတ်လုပ်မှု တိုးတက်လာစေရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်းရှိ ပြင်ဦးလွင်ခရိုင်၊ မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့ရှိ အင်း ၃၇၁ အင်းနှင့် တင်ဒါလုပ်ကွက် ၂၀ ခုတို့ကို မတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ လေလံပစ်မည်ဖြစ်ရာ ကျပ်သောင်းဂဏန်းမှ ကျပ်သိန်း ၄၀၀ အထိ တန်ဖိုးရှိ အင်းများပါဝင်ကြောင်း လေလံပွဲကျင်းပမည့် ငါးလုပ်ငန်းဦးစီးဌာနရုံး မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က အဆိုပါ အင်းများနှင့် တင်ဒါလုပ်ကွက်များမှ လေလံကြေးကျပ်သိန်း ၅၃၀၀ ကျော် ရရှိခဲ့ကြောင်း ယင်းဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

M-05



FOLLOW US