News

POST TAGGED AS

တင်ဒါ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ တင်ဒါ စိစစ်ရွေးချယ်ရေးကော်မတီသည် ပွင့်လင်းမြင်သာမှုမရှိဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက စက်တင်ဘာလ ၆ ရက်က ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့်အဆိုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
... အစိုးရဌာနတွေက တာဝန်ယူ ဆောက်လုပ်ကြတဲ့ အဆောက်အအုံ၊ လမ်းတံတားတွေအတွက် ပဏာမတင်ဒါခေါ်ယူရေးလုပ်ငန်းတွေနဲ့ အရည်အသွေး ကျဆင်းမှုတွေ၊ အဂတိလိုက်စားမှုတွေအတွက် အကျင့်ပျက်ရင် ပျက်တဲ့သူကို၊ စည်းကမ်းဖောက်ရင် ဖောက်တဲ့သူကို နိုင်ငံတော် အကြီးအကဲတွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိတိကျကျ အထောက်အထား ဓာတ်ပုံများနဲ့ တိုင်ကြားကြမှသာ အချိန်တိုအတွင်း ကင်းစင်ပပျောက်သွားနိုင်မှာ ဖြစ်ပါတယ်။
28-Aug-2018 tagged as ရန်ကုန် တင်ဒါ
လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ အစိုးရ၏တင်ဒါကိစ္စသည် အစိုးရအတွက်စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်မီတာပြောင်းလဲတပ်ဆင်မှုများအတွက် တင်ဒါခေါ်ယူရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်မညီဘဲ မျှတမှုမရှိကြောင်း Ever meter ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားသည်။
ထားဝယ်ခရိုင်အတွက် လျှပ်စစ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ယခုမေလအတွင်း တင်ဒါပြန်ခေါ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
မန္တလေးတိုင်းအတွင်းရှိ အင်းများနှင့် တင်ဒါလုပ်ကွက်များကို မတ်လ ၂၄ ရက်နေ့ကစ၍ လေလံပစ်မည်ဟု မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးလှဝင်းက ပြောကြားသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ် လေးမိုင်ဒေသရှိ ကျောက်ထုတ်လုပ်ငန်းများအတွက် အစိုးရ၏ တင်ဒါခေါ်ယူမှုပုံစံကြောင့် အခက်အခဲတစ်ခုအဖြစ် ကြုံတွေ့နေရကြောင်း ကျောက်ထုတ်လုပ်ငန်းရှင်များထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်းရှိ ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့် လိုင်စင်အတွက်ကို ဈေးပြိုင်အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချခဲ့ရာ ကျွန်းအုပ်စုလေးခုစလုံးကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ဈေးအများဆုံးပေးကာ လုပ်ကိုင်ခွင့်ရရှိသွားကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။