News

POST TAGGED AS

တက္ကသိုလ်

20-Dec-2017 tagged as ဘာသာ တက္ကသိုလ်
ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀ဝ ကျော်ပါဝင်၍ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ပထမဆုံးအကြိမ်အနေနှင့် ရန်ကုန်- မန္တလေး အမြန်လမ်း၌ ပတ်ဝန်းကျင် သန့်ရှင်းရေး စုပေါင်း အမှိုက်ကောက်ကြမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောကြားသည်။
သို့သော် ရန်ကုန်တက္ကသိုလ်၏ တကယ့်ဝိညာဉ်စစ်စစ်ကိုတော့ ရှာဖွေလို့ မရနိုင်သေးပါ။ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုအထိမ်းအမှတ်အဖြစ် တက္ကသိုလ်ဝင်းထဲမှာ လှုပ်ရှားမှုအမျိုးမျိုး လုပ်နေကြသည်။ သုတေသန စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ၊ စာအုပ်ရောင်းပွဲ၊ အနုပညာ ပြိုင်ပွဲတွေ အတော်စုံသည်။ ဟိုတစ်ချိန်တုန်းက တက္ကသိုလ်အငွေ့အသက်ကို ရစေမည့်လှုပ်ရှားမှုတွေ...။
တက္ကသိုလ်ကျောင်းဝင်းအတွင်း စက်ဘီးစီးသွားလာသည့် အလေ့အထ မရှိသလောက် နည်းပါးနေသေးသည့် မြန်မာနိုင်ငံတွင် ကျောင်းဝင်းအတွင်း စက်ဘီးအငှားစီး စနစ်ကို မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၌ အစီးရေ ၂၀ ဖြင့် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။
လက်တွေ့နဲ့ ကင်းကွာနေတဲ့ နိုင်ငံရေးခံယူချက်တွေက တစ်စုံတစ်ယောက်အတွက် အကျိုးရှိသယောင် ရှိပေမယ့် လူ့အသိုင်းအဝိုင်း တစ်ခုလုံးနဲ့ သိပ်ပြီး အဆင်မပြေတဲ့ အတွေးအခေါ်တွေ ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှိနေပါတယ်။
နှစ် ၅၀ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဂေါက်သီးရိုက် အားကစားပြိုင်ပွဲကို ယခုဒီဇင်ဘာလ ၁၉ ရက်တွင် ရန်ကုန်မြို့ ဒညင်းကုန်း ဂေါက်ကလပ်၌ ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဂေါက်သီးရိုက် အားကစားပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီထံမှ သိရှိရသည်။
နှစ် ၂၀ ခန့် ပိတ်ထားခဲ့သည့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)ခေါ် အာစီတူးကို ဒီဇင်ဘာ ၄ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ပထမနှစ် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးမည်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။
04-Dec-2017 tagged as တက္ကသိုလ်
မြန်မာနိုင်ငံ၏ မြေနေရာအကျယ်ဆုံး တက္ကသိုလ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဒဂုံတက္ကသိုလ်တွင် ကျောင်းဝင်းအတွင်း ကျောင်းသားများအတွက် စက်ဘီးအငှားစနစ်ကို ယခုလ ဒုတိယသီတင်းပတ် စတင်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် Unity and Progress အဖွဲ့ထံမှ သိရှိရသည်။
ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှ အဝေးသင် တတိယနှစ် မြန်မာစာ ကျောင်းသူတစ်ဦး ယနေ့(နိုဝင်ဘာ ၂၇ ရက်) နံနက်ပိုင်းက စာမေးပွဲဖြေရန် ဘော်ဒါဆောင်မှ ကျောင်းသို့ထွက်လာစဉ် ကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ကျောင်းသူတစ်ဦးက ပြောကြားသည်။
21-Nov-2017 tagged as တက္ကသိုလ်
လူမှုပြဿနာများကို ဖြေရှင်းနိုင်သော ပညာများကို လေ့လာသင်ယူနိုင်မည့် လူမှုဝန်ထမ်းတက္ကသိုလ်ကို ယခုအစိုးရသက်တမ်းအတွင်း ထူထောင်သွားမည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
14-Nov-2017 tagged as တက္ကသိုလ်
ဒီဇင်ဘာလ ၄ ရက် စတင်ဖွင့်လှစ်မည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်း ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ အမည်စာရင်းကို ယနေ့ (နိုဝင်ဘာ ၁၅ ရက်) ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။