News

POST TAGGED AS

တက္ကသိုလ်

၁၁ ကြိမ်မြောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ရိုးရာသင်္ကြန်ပွဲတော်ကို မေဂျာအလိုက် ကျောင်းသား။ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် မတ်လ ၉ ရက်၊ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဖွင့်ချိန်တိုးပေးရေး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ထံ တောင်းဆိုရန် ကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီလ ၂၁ ရက်မှစ၍ စစ်တမ်းကောက်ယူနေကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။
Times Higher Education (THE) အဖွဲ့၏ ၂၀၁၈ ခုနှစ် အာရှတက္ကသိုလ်များ အဆင့်သတ်မှတ်ချက်စာရင်း ထွက်လာသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတက္ကသိုလ်များ၏ အဆင့်ကိုလည်း ဆန်းစစ်စရာဖြစ်လာပါသည်။ ၂၀၁၈ ခုနှစ်စစ်တမ်းတွင် ထိုင်းနိုင်ငံတက္ကသိုလ်များအဆင့်က အိမ်နီးချင်းနိုင်ငံများထက်ပင် အောက်ကိုရောက်သွားကြောင်း တွေ့လိုက်ရသည်။
သဘာဝပတ်ဝန်းကျင်ရေးရာ ဆောင်ရွက်နေသော University Clean and Green Association-UCGA က စာအုပ်ဈေးရောင်းပွဲတော်မှရသော အမြတ်ငွေဖြင့် ရတနာပုံတက္ကသိုလ်တွင် အမှိုက်ပုံးများ ထားရှိမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
တက္ကသိုလ်ဖွင့်ထားသည့် သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်သော စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာရေးပါရဂူဘွဲ့ပေးနိုင်ရန် ပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများက စီစဉ်နေကြောင်း အဆင့်မြင့်ပညာဦးစီးဌာနနှင့် ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။
ပုသိမ်တက္ကသိုလ် ဆရာ/ဆရာမများ အသင်းကိုဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်တွင် အသင်းရုံးခန်း ဖွင့်လှစ်ခဲ့သည်။
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့မှုကြောင့် ကျောင်းထုတ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်လည်တက်ရောက်နိုင်ရေး အစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းရန် ပါမောက္ခချုပ်ထံမှ ခရီးစရိတ် ကျပ် ၃ သိန်း တောင်းခံရယူခဲ့ကြောင်း ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
ပညာပေါင်းစုံကိုက်ညီမည့် အဆင့်မြင့်တက္ကသိုလ်တစ်ခုကို မြန်မာနိုင်ငံ၏ အစိုးရရုံးများတည်ရှိရာ နေပြည်တော်တွင် တည်ဆောက်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားလိုက်သည်။
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့သည့် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ကျောင်းသားသုံးဦး ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျောင်းထုတ်လိုက်သောကြောင့် လက်ရှိ အချိန်အထိ ကျောင်းထုတ်ခံရသူ ၄၀ ဦး အထိ ရှိလာပြီဖြစ်သည်။
အဆောင်စည်းကမ်းနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ဖြစ်နေသော ရန်ကုန်တက္ကသိုလ်တွင် အဆောင်နေကျောင်းသား၊ ကျောင်းသူများအတွက် အခက်အခဲရှိသည်များကို နာမည်မဖော်ဘဲ တိုင်ကြား၊ အကြံပြုနိုင်မည့် စာပုံးများထားရှိပေးရန် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က သဘောတူကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။