News

POST TAGGED AS

တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်က ရေးဆွဲထားသော တက္ကသိုလ်ဋိညာဉ်မူကြမ်းသည် ပညာရေးလွတ်လပ်ခွင့်နှင့် ပညာရပ်ဆိုင်ရာသုတေသန လွတ်လပ်ခွင့်များကို အာမခံထားခြင်းမရှိကြောင်း ယခင်အစိုးရလက်ထက်ကတည်းက ပညာရေးပြောင်းလဲရေးတောင်းဆိုခဲ့သော ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ဝေဖန်လိုက်သည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂရွေးကောက်ပွဲကို ဇွန်လ ၂၁ ရက်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမ ၂၀၀ နီးပါး မဲပေးခဲ့ကြကြောင်း ယင်းတက္ကသိုလ်ထံမှသိရသည်။
ယခင်က အဝေးသင်စာမေးပွဲကို ရန်ကုန်အဝေးသင်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်တို့က မေးခွန်းထုတ်စစ်ဆေး ခဲ့ရာမှ ၂၀၁၉ ခုနှစ်မှစ၍ တက္ကသိုလ် အလိုက် မေးခွန်းထုတ်ကာ စစ်ဆေးတော့ မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်ထံမှ သိရှိရသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူများအနေနှင့် မန္တလေးတက္ကသိုလ်တွင် ဝင်ခွင့်မလျှောက်မီ ဘာသာရပ်ဆိုင်ရာအလိုက် ဆွေးနွေးမေးမြန်းနိုင်ရန် စီစဉ်ပေးထားကြောင်း အဆိုပါတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောကြားသည်။
ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ရေး ဘာသာရပ်အတွက် ရာနှုန်းပြည့် ပညာသင်ဆုပေးမည့် ဂျပန်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေနှင့် ဇွန်လ ၂၆ ရက်မှစ၍ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဇွန်လ ၁၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။
မန္တလေးမြို့ ၄၁ လမ်းနှင့် ၇၃ လမ်းရှိ မန္တလေးတက္ကသိုလ် ပင်မဆောင်ကို အကြီးစားပြင်ဆင်ရန်ရှိနေကြောင်း အဆိုပါတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၆ ရန်ကုန်နှင့်မန္တလေးရှိ တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်လျှောက်ခွင့်ပြုလိုက်သော်လည်း ယင်းအနက် တက္ကသိုလ် ၉ ခု မှာဝင်ခွင့်အတွက် ရေးဖြေစစ်ဆေးမှုအပြင် လူတွေ့စစ်ဆေးမှုပါပြုလုပ်မည်မဟုတ်ဘဲ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ဖြင့်သာ ရွေးချယ်ကြမည်ဖြစ်သည်။
ဆရာနှင့် ကျောင်းသားအဖွဲ့များ အပြင်းအထန်ကန့်ကွက်သည့် တက္ကသိုလ်၊ ကောလိပ်များတွင် နိုင်ငံရေးနှင့်ဆိုင်သော စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲများမပြုလုပ်ရန် တားမြစ်ချက်ကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဇွန်လ ၂ ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အကူအညီဖြင့် နေပြည်တော်တွင် ဝန်ထမ်းတက္ကသိုလ်တစ်ခုကို ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်ရန် တင်ပြထားကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဦးစောဘယ်လင်တိုင်းက ပြောကြားသည်။