News

POST TAGGED AS

တက္ကသိုလ်

မန္တလေးတက္ကသိုလ်၌ ဩဂုတ်လအတွင်း ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားဝိုင်းဆွေးနွေးရန် တက္ကသိုလ်ကျောင်းသားလူငယ် ၂၀ ဦးကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ယင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောကြားသည်။
ယခုနှစ်ဘတ်ဂျက်မှစတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၀ ကျော်တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရသည်။
လုံခြုံရေးစနစ်အားနည်းသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်မှုဖြစ်ပေါ်ခဲ့ပြီးနောက် မန္တလေးတက္ကသိုလ်၏လုံခြုံရေးကို တိုးမြှင့်သည့်အနေနှင့် ဇူလိုင်လ ၁၁ ရက်နေ့မှစတင်ကာ တက္ကသိုလ်နှင့် မသက်ဆိုင်သူများ နေထိုင်မှုကို တားမြစ်ခဲ့ပြီး တက္ကသိုလ်အနောက်ဘက် ဝင်ပေါက်ကိုလည်း ယာယီပိတ်ထားလိုက်သည်။
နည်းပညာတက္ကသိုလ် (မန္တလေး) တွင် ပညာသင်ကြားနေသော အင်ဂျင်နီယာ ကျောင်းသားများဖြင့်ဖွဲ့စည်းထားသည့် Magma Science Electronic အဖွဲ့က ဆည်များ၊ မြောင်းများ၊ ရေလှောင်တမံများ၏ ရေမှတ်ကို အလိုအလျောက် တိုင်းတာနိုင်မည့် နည်းပညာပစ္စည်းတစ်ခုကို ဇူလိုင်လ ၁၀ ရက်နေ့တွင် စမ်းသပ်ခဲ့သည်။
အဝေးသင်ဌာနခွဲများတွင် စီးပွားရေးပညာနှင့် စီးပွားစီမံပညာရပ်သင်ကြားမှုများ ရပ်ဆိုင်းတော့မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေနှင့် သက်ဆိုင်ရာနယ်မြေရှိ စီးပွားရေးတက္ကသိုလ်များ၌သာ အဝေးရောက်တက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။
လုပ်ငန်းခွင်အတွင်းရှိ သူနာပြုများ သူနာပြုသိပ္ပံ (ပေါင်းကူး) သင်တန်းကို လုပ်ငန်းခွင်မပျက်စေဘဲ အဝေးသင်နည်းလမ်းဖြင့် သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သူနာပြုတက္ကသိုလ် (ရန်ကုန်)၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနထံမှ သိရသည်။
ယခုနှစ်အတွက် ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရရှိသူများရွေးချယ်ရာတွင် လူတွေ့စစ်ဆေးမှုကို အထူးပြုဘာသာရပ်အလိုက် သက်ဆိုင်ရာ ပါမောက္ခဌာနမှူးများ ဦးဆောင်၍ အနည်းဆုံး ဆရာ၊ ဆရာမ ငါးဦးပါဝင်ဖွဲ့စည်း စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ထံမှ သိရှိရသည်။
မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်တွင် ပြုလုပ်မည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ အပိတ်ခံရမှုနှင့် ပတ်သက်၍ စီစဉ်သူ တက္ကသိုလ်ကျောင်းသားအချို့ ဆန္ဒပြမည့်အစီအစဉ်ကို ဆရာ၊ ဆရာမများ၏ ညှိနှိုင်းမှုကြောင့် ဖျက်သိမ်းလိုက်ကြောင်း ဟောပြောပွဲကျင်းပရန် စီစဉ်သူ ကိုအောင်မြင့်ဦးက ပြောသည်။
တက္ကသိုလ် ၆ ကျောင်းတွင် ပဋိညာဉ် မူကြမ်းရေးဆွဲပြီးဖြစ်ရာ ဆရာနှင့်ကျောင်းသားများ ပါဝင်ရေးဆွဲခွင့်မရဟု ဆရာ၊ ကျောင်းသား ၇၀ ရာခိုင်နှုန်းကျော်က ဖြေဆိုကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းကိုယ်စားပြုကော်မတီ (UTA) ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
ရန်ကုန်တက္ကသိုလ်က ရေးဆွဲထားသော တက္ကသိုလ်ဋိညာဉ်မူကြမ်းသည် ပညာရေးလွတ်လပ်ခွင့်နှင့် ပညာရပ်ဆိုင်ရာသုတေသန လွတ်လပ်ခွင့်များကို အာမခံထားခြင်းမရှိကြောင်း ယခင်အစိုးရလက်ထက်ကတည်းက ပညာရေးပြောင်းလဲရေးတောင်းဆိုခဲ့သော ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ဝေဖန်လိုက်သည်။