News

POST TAGGED AS

တက္ကသိုလ်

အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်ခွင့် မလျှောက်ရသေးသူ များအနေနှင့် တက္ကသိုလ်အလိုက် ကျောင်းအပ်လက်ခံမည့် နောက်ဆုံးနေ့ (အများစုသည် ဒီဇင်ဘာလတတိယသီတင်းပတ်) အထိ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီး နံရံများတစ်ဝိုက်တွင် ကျောင်းသားများကိုယ်စားပြု အနီရောင်အောက်ခံပေါ်တွင် အဝါဖြင့် ရေးဆွဲထားသော ခွပ်ဒေါင်းအလံများကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးတွေ့မြင်ရခြင်းဖြစ်သည်။ ရဲရဲနီနေသည့် ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတို့သည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးဖြစ်သည့်အပြင် သမိုင်းခြေရာများစွာရှိသည့် ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းတစ်လျှောက် ညီညာစွာ နေရာယူလျက် တလူလူလွင့်နေကြသည်။
တိုက်ရိုက်လျှောက်ခွင့်ပြုလိုက်သည့် တက္ကသိုလ် ၁၁ ခုလုံး၏ ကျောင်းဝင်ခွင့်ရသူများစာရင်းကို မူလသတ်မှတ်ရက်တွင် ကြေညာမည်မဟုတ်တော့ဘဲ စက်တင်ဘာလလယ်ပိုင်း ရောက်မှသာ ကြေညာပေးတော့မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မကွေးတက္ကသိုလ် ပါမောက္ခချုပ်သည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို ချိုးဖောက်ခြင်းနှင့် ကျောင်းသားများနှင့် ဆရာများအပေါ် အာဏာအလွဲသုံးစားပြုခြင်းများ ရှိနေသည်ဟုဆိုကာ အဆိုပါတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက မကွေးမြို့ရှိ ကပ်ကျော်ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ် ၇ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ် (အရှေ့) မြို့နယ်၊ ဒဂုံ တက္ကသိုလ်ဝင်းရှိ ဗိုလ်မှူးဗထူးလမ်းတွင် ဩဂုတ်လ ၄ ရက်နေ့က ကျောင်းသူတစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံးကို လုယူပြီး ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသည့် အမျိုးသားသုံးဦးကို ယင်းနေ့မှာပင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံး ကျင်းပမည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့် ပုလဲရတုအခမ်းအနားကို ယနေ့ စတင်ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် မသေချာကြောင်း အခမ်းအနားဖြစ်မြောက်ရေး စီစဉ်နေသူများထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်တွင် ပုသိမ်တက္ကသိုလ် ကျောင်းသားလွှတ်တော် ၂၀၁၈ နှင့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ဩဂုတ်လ ၂ ရက်နေ့ နံနက်က ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။
မုံရွာတက္ကသိုလ် သင်္ချာဌာနအတွင်း ပထမနှစ်ကျောင်းသားများကို ဝင်ရောက်ရိုက်နှက်ပြီး Water Cooler ကို ရိုက်ချိုးခဲ့သည့် ကျောင်းသားများကို အမှုဖွင့်ထားမှု ကျေအေးပေးခဲ့သော်လည်း ကျောင်းစည်းကမ်းဖြင့် အရေးယူမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်သင်တန်းဌာန ဌာနမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။
မန္တလေးမြို့တော်တွင်ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ထည့်သွင်းစီစဉ်ထားသော စာပေစကားဝိုင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးကို ရွေးချယ်ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။
ယခုနှစ်မှစ၍ တိုက်ရိုက်လျှောက်ခွင့်ပြုလိုက်သည့်တက္ကသိုလ် ၁၁ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်ကဝင်ခွင့်အတွက် ပထမဦးစားပေးဘာသာရပ် လျှောက်ထားသူများ လူတွေ့စစ်ဆေးမှုကို ဇူလိုင် ၂၃ ရက်တွင် စတင်ပြုလုပ်သည်။