News

POST TAGGED AS

တက္ကသိုလ်ဝင်တန်း

ယခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာမေးခွန်းလွှာတွင် ပါရှိသော ပုစ္ဆာအချို့ မေးခွန်းမှားယွင်းကြောင်း သင်္ချာဘာသာရပ်သင် ဆရာများ၊ ဖြေဆိုသူ ဆယ်တန်း ကျောင်းသားများအကြား အငြင်းပွားလျက်ရှိကြောင်း ယင်းအသိုင်းအဝိုင်းထံမှ သိရှိရသည်။
ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာကို မတ်လ ၈ ရက်တွင် စတင်စစ်ဆေးခဲ့သည်။ တစ်နိုင်ငံလုံးရှိ ပြည်တွင်းစာစစ်ဌာန ၁၅၉၄ခု၊ နိုင်ငံခြားစာစစ်ဌာန ၁၇ ခုတွင် ကျောင်းသားပေါင်း ၇၆၀,ဝ၀ဝ ကျော်စာရင်းပေးပြီး ၇၁၀,ဝ၀ဝ ကျော် ဖြေဆိုခဲ့သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် စာမေးပွဲ မဖြေသည့် ကျောင်းသား၊ ကျောင်းသူ ၅၁,ဝ၀ဝ ကျော်ရှိသည်။
ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ပထမနေ့ မြန်မာစာ စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ နှစ်ထောင်ကျော်ရှိကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်တွင် ဆယ်တန်းစာမေးပွဲ မြန်မာစာ မဖြေသည့် ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော်ရှိကြောင်း ရွှေဘိုခရိုင် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်တင်က The Voice သို့ ပြောကြားသည်။
ပဲခူးတိုင်းတွင် ဆယ်တန်းစာမေးပွဲ မြန်မာစာ မဖြေသည့် ကျောင်းသား၊ ကျောင်းသူ ၄၃၀၀ ကျော်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ အများစု စာမေးပွဲ ကျရှုံးခဲ့သော ဘာသာရပ်သည် အင်္ဂလိပ်စာ ဘာသာရပ်ဖြစ်ပြီး စာကျက်နည်းစနစ် မှားခြင်း၊ ဖြေဆိုနည်းစနစ် မှားခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် အလွယ်ဆုံး အင်္ဂလိပ်စာ ဖြေဆိုနည်းလမ်းညွှန်ကို ဖော်ပြလိုက်ပါသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ရန်၊ မျှော်မှန်းထားသော ဂုဏ်ထူးများ ရရှိရန်မှာ ပညာရေး ရည်မှန်းချက်ထားကာ လုံ့လဝီရိယ ကောင်းစွာ စိုက်ထုတ်ခဲ့ပြီး ဆရာ၊ ဆရာမများ သင်ကြားစဉ် အာရုံစိုက်ခြင်း၊ အတန်းတွင်းနှင့် အိမ်စာများ ပုံမှန် ပြုလုပ်ခဲ့ခြင်း၊ စာကြည့်ချိန် ပုံမှန်ထားကာ စာသင်နှစ်စကတည်းက စနစ်တကျ ကြိုတင်ပြင်ဆင် လေ့လာခြင်းတို့ ပြုခဲ့ရမည့်အပြင် စာမေးပွဲကာလ နီးကပ်လာချိန်နှင့် ဖြေဆိုစဉ်ရက်များတွင်လည်း ဆင်ခြင် လုပ်ဆောင်ရန် လိုအပ်သည်တို့ရှိရာ သတိပြုလိုက်နာ ဆောင်ရွက်နိုင်ရန် ဖော်ပြလိုက်ပါသည်။
ယခု ပညာသင်နှစ်မှာ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲတွင် စာစစ်ဌာန ၁၃၆ ခု အသစ် ထပ်တိုး ဖွင့်နိုင်ရေး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အနေနှင့် စိစစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ထူးတစ်ဘာသာလျင် ကျပ်တစ်သိန်းချီးမြှင့်ရန် သမ္မတရုံးကညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်
ယခုနှစ် မတ်လက ပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကျဉ်း ထောင်အတွင်းမှ ဖြေဆို အောင်မြင်ခဲ့သည့် အကျဉ်းသားများ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် အဝေးသင် တက်ရောက်ရန် ဝင်ခွင့် လျှောက်ထားခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရှိရသည်။