News

POST TAGGED AS

တက္ကသိုလ်ဝင်တန်း

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင် စာမေးပွဲများကို ယနေ့ စတင်ကျင်းပရာ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား၊ ကျောင်းသူ ငါးသောင်းကျော်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရသည်။
ဧရာဝတီတိုင်း မြို့နယ်များရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများတွင် ရဲတပ်ဖွဲ့ဝင်အရာရှိနှင့် အခြားအဆင့် စုစုပေါင်း ၁၈၀၀ ဦးကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မြန်မာတစ်နိုင်ငံလုံး၌ မတ်လ ၇ ရက် (ယနေ့) စတင်ကျင်းပမည့် တက္က သိုလ်ဝင်စာမေးပွဲကို ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူနှင့် အချုပ်သား စုစုပေါင်း ၁၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် အကောင်းဆုံးအကြံပြု လမ်းညွှန်ချက်များ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်သုံးခုမှ ကျောင်းသား၊ ကျောင်းသူဦးရေတစ်ထောင်ခန့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ခန္တီးခရိုင်၊ ပညာရေးမှူးရုံးထံမှ သိရသည်။
မန္တလေးတိုင်းအတွင်း ယခုပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆို မည့် ကျောင်းသားကျောင်းသူ တစ်သိန်း တစ်သောင်းကျော်ရှိသောကြောင့် ယခင် နှစ်ထက် တစ်သောင်းကျော် တိုးလာကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် အသေးစား ရေအားလျှပ်စစ်နှင့် ဒီဇယ်ဓာတ်အားပေးစက်များကိုပါ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။
ဆေးကုသမှုခံယူနေစဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြရမည့် ကျောင်းသားများအတွက် မန္တလေးဆေးရုံကြီး၌ ကျောင်းသား ၁၅ ဦးစာ ပြင်ဆင်ပေးထားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနထံမှ သိရသည်။
အိုးဘိုထောင်စာစစ်ဌာန၌ မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ထောင်ကျ အကျဉ်းသား အကျဉ်းသူ အရေအတွက် ယမန်နှစ်ထက်ငါးဆရှိကြောင်း မန္တလေး ဗဟို အကျဉ်းထောင်ထံမှ သိရသည်။
အင်းစိန်ထောင်မှ ဆယ်တန်းဖြေဆိုမည့်ကျောင်းသားများအတွက် အင်္ဂလိပ်စာ ဘာသာရပ်သင်ကြားပေးရန် စေတနာ့ဝန်ထမ်းဆရာ ၁၀ ဦးက ကမ်းလှမ်းထားကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။