News

POST TAGGED AS

တက္ကသိုလ်ဝင်တန်း

အလွတ်ကျက်မှတ်မှုအစား ကျောင်းသားကိုယ်တိုင် စဉ်းစားတွေးခေါ်မှုကို ဦးတည်ပြောင်းလဲမည်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်တွင် ရွေးချယ်စရာမေးခွန်းပုဒ်ရေ လျှော့ချသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲ၏ မေးခွန်းပုံစံသစ် သိမှတ်ဖွယ်ရာ ဆောင်းပါးတွင် ဖော်ပြထားသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘာသာတွဲနှစ်ခု ဖြေဆိုမှုအပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဖြေဆိုရန် ပျက်ကွက်သူ ၇၀၀ နီးပါးရှိကြောင်း ကလေးမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ မြို့သစ်၊ အမှတ် (၁၄) ရပ်ကွက်၊ နရပတိလမ်းထိပ်တွင် မတ်လ ၁၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသူတစ်ဦးကို အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားနှင့် ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံးနှင့် စည်းကမ်း အကောင်းဆုံးဟု ထင်ရှားသော မလှိုင်မြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း အခန်းငှားခနှင့် စားသောက်ကုန်ဈေးများ မြင့်တက်လာကြောင်း မြို့ခံများနှင့် ကျောင်းသားမိဘအချို့ထံမှ သိရသည်။
စစ်တွေမြို့နယ်ရှိ မင်းဂံရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းနှင့် ပြည်တော်သာရပ်ကွက် အမှတ်(၄) အခြေခံ ပညာ အထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ အားလုံး စာဖြေခန်းတွင် အတွင်းခံဘောင်းဘီ ဝတ်ခွင့်မပြုသဖြင့် ကျောင်းသားများ မကျေနပ်ကြောင်း ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။
၂၀၁၇-၂၀၁၈ ပညာနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားမောင်ဇေယျာထွဋ်မှာ မတ်လ ၈ ရက် နံနက် ၈ နာရီခွဲခန့် (ဒုတိယမြောက်နေ့) တွင် ဝင်ခွင့်ကတ်ပြားကျန်ခဲ့သဖြင့် အချိန်မီဖြေဆိုနိုင်ရန် ယာဉ်ထိန်းရဲတပ်ကြပ်က ကူညီခဲ့ကြောင်း အမှတ် ၈ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး ရဲမှူးမျိုးအောင်မြင့်က ပြောကြားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ဒုတိယမြောက်နေ့ဖြစ်သည့် အင်္ဂလိပ်စာဖြေဆိုချိန်မပြီးဆုံးမီ ၂ နာရီကျော်အလို (၉ နာရီခွဲခန့်)တွင် ယင်းဘာသာရပ် မေးခွန်းများ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ပျံ့နှံ့နေကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၇ ရက်နေ့ကစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပခဲ့ရာ မန္တလေးတိုင်းအတွင်း ကျောင်းသားကျောင်းသူ တစ်သိန်းတစ်သောင်းကျော် ဖြေဆိုခဲ့သည်။