News

POST TAGGED AS

တက္ကသိုလ်ဝင်တန်း

မန္တလေးတိုင်းအတွင်း ယခုပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆို မည့် ကျောင်းသားကျောင်းသူ တစ်သိန်း တစ်သောင်းကျော်ရှိသောကြောင့် ယခင် နှစ်ထက် တစ်သောင်းကျော် တိုးလာကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် အသေးစား ရေအားလျှပ်စစ်နှင့် ဒီဇယ်ဓာတ်အားပေးစက်များကိုပါ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။
ဆေးကုသမှုခံယူနေစဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြရမည့် ကျောင်းသားများအတွက် မန္တလေးဆေးရုံကြီး၌ ကျောင်းသား ၁၅ ဦးစာ ပြင်ဆင်ပေးထားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနထံမှ သိရသည်။
အိုးဘိုထောင်စာစစ်ဌာန၌ မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ထောင်ကျ အကျဉ်းသား အကျဉ်းသူ အရေအတွက် ယမန်နှစ်ထက်ငါးဆရှိကြောင်း မန္တလေး ဗဟို အကျဉ်းထောင်ထံမှ သိရသည်။
အင်းစိန်ထောင်မှ ဆယ်တန်းဖြေဆိုမည့်ကျောင်းသားများအတွက် အင်္ဂလိပ်စာ ဘာသာရပ်သင်ကြားပေးရန် စေတနာ့ဝန်ထမ်းဆရာ ၁၀ ဦးက ကမ်းလှမ်းထားကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။
လာမည့်နှစ် မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုရန် လျှောက်လွှာတင်ထားသူ ၈၄၀,ဝ၀ဝ ကျော်ရှိပြီး ပြီးခဲ့သည့်နှစ်ထက် ၇၀,ဝ၀ဝ ခန့် ပိုများလာကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။
စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များကို ရန်ကုန်ပညာရေး တက္ကသိုလ်တွင် ယနေ့(နိုဝင်ဘာ ၂၅ ရက်)မှ ၂၇ ရက်အထိ သုံးရက်ကြာ သင်တန်းပေးနေကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရှိရသည်။
အင်းစိန်အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အကျဉ်းကျ ကျောင်းသားများအနေနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ရန် ကြိုးစားပါက လွတ်ငြိမ်းချမ်းသာခွင့် အခွင့်အလမ်း ရရှိနိုင်မည်ဟု အားပေးထားကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။
ဆယ်တန်းစာမေးပွဲ မေးခွန်းပုံစံသစ်များ ယခုပညာသင်နှစ်တွင် ပြောင်းလဲမည် မဟုတ်သေးကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုး၏ ပြောကြားချက်ကို ကိုးကား၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နီလာဝင်းက ပြောကြားသည်။
ယခု ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် အောင်လက်မှတ်များကို ယနေ့(ဇူလိုင် ၁၀ ရက်)တွင် ရန်ကုန်မြို့နှင့် နေပြည်တော်တို့၌ စတင် ထုတ်ပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ နေပြည်တော်မှ သိရသည်။