News

POST TAGGED AS

တက္ကစီ

ရန်ကုန်မြို့တွင်း အငှားတက္ကစီယာဉ်များ စီးနင်းသည့် ခရီးသည်များ လုံခြုံမှုရှိစေရန် မလိုလားအပ်သော ဒုစရိုက်မှုများ မဖြစ်စေရန် အငှားတက္ကစီယာဉ်များတွင် စတစ်ကာအမည်းများကပ်ခြင်းနှင့် လိုက်ကာကာခြင်းများကို ဖေဖော်ဝါရီလ ၁ ရက်က စ၍စစ်ဆေးကာ လိုင်စင်သိမ်းခြင်းဖြင့် အရေးယူနေကြောင်း အမှတ် (၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရသည်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် Taxi ယာဉ်မောင်း ဦးနေဝင်းတို့ အသတ်ခံရမှုနှင့်ပတ်သက်၍ စစ်ဆေးနေသော ရန်ုကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့ “ထမင်းဝအောင် စားထား”ဟု စာတမ်းပါ အင်္ကျီဝတ်ဆင်လာသူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်း(မြင်းခြံ)က ဆိုသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော စတစ်ကာ၊ လိုက်ကာနှင့် ကြော်ငြာများ တပ်ဆင်သည့် အငှားယာဉ်များကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်ဆေးကာ လုပ်ငန်းလိုင်စင် ဖျက်သိမ်းမည်ဖြစ်ပြီး မြို့နယ်အလိုက် ရဲတပ်ဖွဲ့နှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က စောင့်ကြည့်အရေးယူရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် အငှားတက္ကစီယာဉ်များ သတ်မှတ်ရက်အတွင်း စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံမတင်ပါက ဖေဖော်ဝါရီလ ၁ ရက်မှစ၍ “ဂ” စင်းလုံးငှားလုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
29-Jan-2018 tagged as ရန်ကုန် တက္ကစီ
ရန်ကုန်မြို့တော် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်နေသော လက်မရွံ့၊ လူမဆန် အမှုအခင်းများသည် လက်ရှိအစိုးရနှင့် လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းကို ကြောက်ရွံ့ ထိတ်လန့်စေရန်၊ ဝရုန်းသုန်းကား မတည်မငြိမ်ဖြစ်စေရန်၊ အကာအကွယ်မဲ့သည့် ခံစားချက်မျိုး ရရှိစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသလောဆိုသည့် ကောလာဟလများ၊ စွပ်စွဲပုတ်ခတ်မှုများ အသံကျယ်လာနိုင်ကြောင်း သတိပေး ထောက်ပြလိုရင်း
ရန်ကုန်တိုင်းအတွင်း မှုခင်းလျှော့ချရေးအတွက် အငှားယာဉ်(တက္ကစီ)များကို ဖေဖော်ဝါရီလမှစ၍ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် YRTA တို့ ပူးပေါင်းကာ အထူးစီမံချက်ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Nov-2017 tagged as တက္ကစီ
ရန်ကုန်လိုင်စင် တက္ကစီများ စီးတီး တက္ကစီအဖြစ် YRTA ရုံးတွင် မှတ်ပုံတင်ရာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်းကြောင့် နိုဝင်ဘာလ ၂၂ ရက်မှစ၍ နေရာတိုးကာ ဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
16-Nov-2017 tagged as ရန်ကုန် တက္ကစီ
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အငှားတက္ကစီယာဉ်များ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ခြင်း လုပ်ငန်းအတွက် ပွဲစားလုပ်ငန်း ပေါ်ပေါက်နေကြောင်း စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်သည့် အငှားယာဉ်မောင်းများထံမှ သိရသည်။
12-Nov-2017 tagged as တက္ကစီ
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော အငှားယာဉ် ခြောက်သောင်းရှစ်ထောင်ကျော်အနက် စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ရန် စီးရေ ၄၀ဝ၀ ကျော် ကျန်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။