News

POST TAGGED AS

ညှဉ်းပန်းနှိပ်စက်

ဗိုလ်တထောင်မြို့နယ် လမ်းသွယ် ၂ လမ်းရှိ နေအိမ်တွင် ခေါ်ယူမွေးစားထားသော ကေလေးငယ် ၇ ဦး ညှင်းပန်းနှိပ်စက်ခံရမှုတွင် မိန်းကလေး လေးဦးမှာ အဓမ္မပြုကျင့်ခံရသည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကလေးလူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမျိုးဆက်အောင်က The Voice သို့ ပြောကြားသည်။
“သွားရောက် စစ်ဆေးချိန်မှာ အိမ်အကူ မစန်းကေခိုင်ရဲ့ လက် ၁၀ ချောင်းက လှန်ချိုးခံထားရလို့ လှုပ်လို့ မရတော့ဘူး၊ ထိုးသွင်းပြတ်ရှ ဒဏ်ရာတွေ ခန္ဓာကိုယ်အနှံ့မှာ တွေ့ခဲ့တယ်၊ ရရှိထားတဲ့ဒဏ်ရာတွေက ကတ်ကြေး၊ တုတ်၊ ဓားတွေနဲ့ ထိုးနှက်ထားတဲ့ ဒဏ်ရာတွေ၊ အိမ်အကူ မသဇင်ရဲ့ နှာခေါင်းမှာ ဓားနဲ့ ခုတ်ခံရတဲ့ အမာရွတ်၊ ခြေသလုံးတွေမှာ အရိုက်ခံထားရတဲ့ ညိုမဲစွဲဒဏ်ရာတွေ တွေ့ခဲ့တယ်၊ သက်သေတွေကို ထပ်မံ စစ်ဆေးခဲ့ရာက အိမ်တွင်း လူကုန်ကူးမှုမြောက်ခဲ့တာကြောင့် တရားစွဲဆိုခဲ့တာပါ”
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အမည်နာမ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ကော်မရှင်၏ အဆင့်အတန်း သတ်မှတ်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ လုပ်ထုံး၊ လုပ်နည်းများကို ဥပဒေဖြင့် အတိအကျ ပြဋ္ဌာန်း ပေးထားသော်လည်း ယခု ကလေးမ နှစ်ဦး နှိပ်စက်ခံရမှုနှင့် ပတ်သက်၍မူ ကော်မရှင်က ဥပဒေပါ လုပ်ထုံး၊ လုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြောင်း ၎င်းတို့၏ တရားဝင် ဖြေကြားချက်များတွင်ပင် ပေါ်လွင်ထင်ရှားနေပေသည်။
အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ မိန်းကလေးနှစ်ဦး နှိပ်စပ်ညှဉ်းပန်ခံရမှုတွင် နိုင်ငံသားများကို ထိရောက်စွာ ကာကွယ်ပေးမှု မရှိဘဲ ကြားဝင် စေ့စပ်ညှိနှိုင်းပေးခဲ့သော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးမည် ဖြစ်သည်။
အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှုဖြင့် ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးနှင့် ၎င်း၏ သမီးဖြစ်သူတို့ နှစ်ဦးကို ယနေ့ (စက်တင်ဘာ ၂၀ ရက်) မွန်းလွဲ ၁ နာရီက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကျောက်တံတား မြို့မရဲစခန်းတွင် တရားလိုပြု အမှုဖွင့်ခဲ့ကြောင်း အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
“သမီး လက်ဆယ်ချောင်းလုံး ကောက်ကွေးနေတာ။ အဲဒါက အငယ်မ လုပ်တာ။ သူ့တူမလေးနဲ့ စကားပြိုင်ပြောလို့ ဆိုပြီး လက်ချောင်းနှစ်ချောင်းကို အရင်ဆုံးချိုးတယ်။ ပြီးတော့ သူ့အမေကို ခံပြောတယ်ဆိုပြီး လက်ကို ဆယ်ချောင်းလုံးချိုးမယ် ဆိုပြီး ဆယ်ချောင်းလုံး လှန်ချိုးတယ်” ဟု မစန်းကေခိုင်က သတင်းထောက်များကို ပြောသည်။