News

POST TAGGED AS

ဇင်ဝိုင်း

သင်္ကြန်မိုးက သင်္ကြန်ကို အခြေခံ လိုက်တဲ့အတွက် ဂီတဆိုတာ ပါလာပါတယ်။ ဂီတဆိုတာ ပါလာတဲ့အခါကျတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ သီချင်းတွေ၊ မန္တလေးမြို့မက ဂန္ထဝင်ဖြစ်ခဲ့တဲ့ ဆရာကြီးတွေ၊ ဆရာကြီး မြို့မငြိမ်းတို့လို၊ ဦးဘသိန်းတို့လို နောက် ဒီလူကြီးတွေ ရေးခဲ့ကြတဲ့ သီချင်းတွေရော၊ နောက် သင်္ကြန်နဲ့ပတ်သက်တဲ့ သီချင်းတွေကို ထပ်ပြီးရေးကြတဲ့ လေးလေး မြို့မကိုပေါတို့လို၊ ကိုအဉ္စလီမောင်မောင် တို့လို၊ ကိုနိုင်မင်းတို့လို ရေးကြတဲ့သီချင်းတွေရဲ့ စွမ်းအားဟာလည်း သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကား အောင်မြင်ရေးမှာ အတော့်ကို အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ကနေ ပါတယ်