News

POST TAGGED AS

ဇင်ဘာဘွေ

ဇင်ဘာဘွေနိုင်ငံတွင် အာဏာ သက်တမ်းရှည်လျားသည့်ခေါင်းဆောင် ရောဘတ်မူဂါဘီ အငြိမ်းစားယူသွားပြီးနောက် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် အတိုက်အခံပါတီနှင့် အငြင်းပွားမှုများ ပေါ်ထွက်ခဲ့သော်လည်း အီမာဆန်မန်ဂါဂွါအနေနှင့် တနင်္ဂနွေနေ့က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ဇင်ဘာဘွေနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ တနင်္လာနေ့က ပြီးဆုံးသွားသော ရွေးကောက်ပွဲတွင် သမ္မတအီမာဆန်မန်ဂါဂွါက မဲ ၅၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိ သွားကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ဇင်ဘာဘွေနိုင်ငံတွင် တနင်္လာနေ့က အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်ခဲ့ပြီးနောက် ကနဦးထွက်ပေါ်လာသည့် ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ပေါ်ပေါက်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုကြီးကို ဇင်ဘာဘွေတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့ရာ လူသေဆုံးမှုများရှိခဲ့ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
ဇင်ဘာဘွေနိုင်ငံတွင် ကာလရှည်ကြာအုပ်စိုးခဲ့သူ ရောဘတ်မူဂါဘီအလွန် ပထမဆုံးကျင်းပသော ရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
တနင်္လာနေ့က ဇင်ဘာဘွေ ရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင်နေရာ ဆက်ခံသူ တပည့်ဟောင်း မနန်ဂါဝါကို မဲပေးမည်မဟုတ်ဟု သမ္မတဟောင်း ရောဘတ်မူဂါဘီက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
26-Jun-2018 tagged as သမ္မတ ဇင်ဘာဘွေ
ဇွန်လ ၂၃ ရက်နေ့ကမဲဆွယ်ချီတက်ပွဲတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ဇင်ဘာဘွေသမ္မတ အီမာဆင်မူနန်ဂါဂွါမှာ ထိခိုက်ခဲ့ခြင်းမရှိဘဲ “သူရဲဘောကြောင်သည့်လုပ်ရပ်” သည် မူဂါဘီခေတ်လွန် ပထမဆုံးရွေးကောက်ပွဲကို ထိခိုက်စေမည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။