News

POST TAGGED AS

ဆန္ဒပြ

01-May-2018 tagged as ဆန္ဒပြ ထိုင်း
၂၀၁၄ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် အကြီးမားဆုံး ဆန္ဒပြပွဲအဖြစ် ချင်းမိုင်တွင် သစ်တောဧရိယာတွင် ဆောက်လုပ်နေသော အဆင့်မြင့်အိမ်ရာစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြပွဲတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
NVC ကတ်ဖြင့် ဘင်္ဂါလီများကို တစ်နိုင်ငံလုံးလွတ်လပ်စွာ သွားလာခွင့်ပေးမည် ဆိုသည့်အပေါ် ကန့်ကွက်ကြောင်း ဒေသခံ ၃၀၀ ခန့်က ဧပြီလ ၂၉ ရက်တွင် ရွှေပြည်သာမြို့နယ်၌ ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။
ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် တစ်ရက်လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံးဘိလပ်မြေ စက်ရုံတည်ဆောက်ခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ၁၀၀ ကျော်က ဧပြီလ ၂၃ ရက်နေ့က ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အမေရိကန်ကျောင်းဆရာ ထောင်ပေါင်းများစွာသည် တနင်္လာနေ့က ကင်တပ်ကီနှင့် အိုကလာဟိုးမားပြည်နယ်တွင် လမ်းများပေါ်သို့ ထွက်လာခဲ့ကြပြီး လုပ်ခလစာ တိုးမြှင့်ရန်နှင့် အစိုးရစာသင်ကျောင်းများသို့ ရန်ပုံငွေ ပိုမိုထောက်ပံ့ရန်တောင်းဆို ဆန္ဒပြခဲ့ကြသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အောက်ချိုင့်ရပ်ကွက်ရှိ မြေနေရာကို ကုမ္ပဏီများက သိမ်းဆည်းထားသည်ဟုဆိုကာ ဧပြီလ ၂ ရက်နေ့ နံနက်က မြစ်ကြီးနားမြို့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
သံတွဲမြို့နယ်တရားရုံးမှ တောင်သူတစ်ဦးကို မြေယာကျူးကျော်မှုနှင့် ထောင်ဒဏ်ချလိုက်မှုအပေါ် တရားရုံးနှင့် မြို့နယ်မြေစာရင်း ဦးစီးဌာနကို ဧပြီလ ၂ ရက် မွန်းလွဲပိုင်းက ဒေသခံ သံတွဲဒေသခံ ၂၀၀ ခန့်က ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူ ဦးကျော်လှက ပြောသည်။
အစ္စရေးနိုင်ငံ တဲအဗစ်မြို့အလယ်တွင် ရွှေ့ပြောင်းခိုလှုံလာသူ အာဖရိကန်များနှင့် ထောက်ခံသူပေါင်း နှစ်သောင်းခွဲခန့်စုဝေးကာ အစ္စရေး၏ အာဖရိကန်များကို ပြည်နှင်မည့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြကြကြောင်း DW သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဩစတြေးလျတွင် မြင်းစီးကောင်းဘွိုင်များနှင့် လယ်သမားထောင်ပေါင်းများစွာက ဆစ်ဒနီမြို့တွင် စုဝေးချီတက်ကာ ကျေးလက်ဒေသများတွင် လယ်ယာမြေများကို ထိခိုက်ပျက်စီးစေသော ကျောက်မီးသွေးတူးဖော်မှုများကို ရပ်ဆိုင်းရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အစားထိုးရေးကို တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုတွင် ယခင်လက ဖလော်ရီဒါအထက်တန်းကျောင်း သေနတ်ပစ်မှုတွင် အသက်ရှင်သူများ၏တောင်းဆိုမှုကို တုံ့ပြန်သည့်အနေနှင့် စနေနေ့တွင် နိုင်ငံတစ်လွှား၌ သေနတ်ဥပဒေ တင်းကျပ်ရေး ဆန္ဒပြပွဲများပြုလုပ်ခဲ့ပြီး ကျောင်းသားရာပေါင်းများစွာပါဝင် ချီတက်ခဲ့ကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် အမ်းမြို့၌ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးခဲ့သော မြေယာများအတွက် လျော်ကြေးငွေ အပြည့်အဝမရှိဟုဆိုကာ တောင်သူ ၇၀၀ ခန့်က မတ်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။