News

POST TAGGED AS

ဆန္ဒပြ

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကိုပါ အိုးမဲသုတ်သကဲ့သို့ ဖြစ်သွားခဲ့ပြီး ပြန်လည်ကြိုးစား တည်ဆောက်နေဆဲ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုပါ ထိခိုက်သွားနိုင်သဖြင့် စေတနာမှန်မှန် ဆင်ခြင်ဉာဏ်ဖြင့် ထိန်းသိမ်းကြပါမည့်အကြောင်း
ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းမှစတင်ကာ စစ်ပွဲများရပ်ဆိုင်းရေးနှင့် တိုက်ပွဲများကြောင့် ပိတ်မိနေသူများ ကယ်ဆယ်ရေးနှင့် စစ်ဘေးရှောင်ဒုက္ခသည်ကို အကန့်အသတ် အတားအဆီးမှုမရှိဘဲ ကူညီခွင့်ပေးရေးအဖြစ် ဆန္ဒလှုပ်ရှားမှုပြုလုပ်ခဲ့ရာ ငြိမ်းချမ်းရေး လှုပ်ရှားပုံရိပ်များအဖြစ် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
11-May-2018 tagged as ဆန္ဒပြ မန္တလေး
ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသော စစ်ပွဲများအကြား ပိတ်မိနေသော တိုင်းရင်းသားပြည်သူများ လွတ်မြောက်ရေးအတွက် ကဗျာရွတ်ဖတ်သူ ကဗျာဆရာ ကလင့် (မန္တလေး) ကို မေလ ၁၀ ရက်နေ့က ထောင်နှစ်လချမှတ်ခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ်တရားရုံးထံမှ သိရသည်။
08-May-2018 tagged as ဆန္ဒပြ မန္တလေး
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပိတ်မိနေသည့်ပြည်သူများ လွှတ်ပေးရေးနှင့် စစ်ပွဲများရပ်တန့်ရေးအတွက် မန္တလေးမြို့တော်၌ ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ခဲ့သူ ကဗျာဆရာတစ်ဦးအပါအဝင် အမျိုးသားသုံးဦးကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြင့် မေလ ၇ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-May-2018 tagged as ဆန္ဒပြ ရန်ကုန်
ပြည်တွင်းစစ် ရပ်တန့်ပေးရန် မော်တင်လမ်းဆုံမှ ဗန္ဓုလပန်းခြံအထိ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်သည့်အဖွဲ့မှ ဦးဆောင်သူ လေးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် သက်ဆိုင်ရာ မြို့နယ်လေးခုတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
04-May-2018 tagged as ဆန္ဒပြ ပြင်သစ်
ပြင်သစ်နိုင်ငံ ပဲရစ်တွင် မေဒေးနေ့ ချီတက်ပွဲ၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကန့်ကွက်ရေးဆန္ဒပြပွဲများ နောက်ထပ်မဖြစ်ပွားမီ ရဲတပ်ဖွဲ့ဝင်အရေအတွက်ကို တိုးမြှင့်ချထားမည်ဟု ပြည်ထဲရေးဝန်ကြီး ဂျာရတ်ကိုလုံးက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြား ပိတ်မိနေသူများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကချင်လူငယ်များပါဝင်သည့် လူအင်အားတစ်ထောင်ကျော်သည် မေလ ၃ ရက်နေ့က မြစ်ကြီးနားမြို့၊ ဆွမ်ပရာဘွမ်လမ်း၊ ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။
04-May-2018 tagged as ဆန္ဒပြ ဟင်္သာတ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ မြို့လယ်ရှိ သင်္ချိုင်းဟောင်းမြေနေရာကို အများပြည်သူအပန်းဖြေနိုင်ရန် ပန်းခြံအဖြစ်ပြောင်းလဲရေးအတွက် မေလ ၃ ရက်နေ့ နံနက်က မြို့ခံအင်အား ၅၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါပွဲ ဦးဆောင်သူ ဦးစိန်သောင်းက ပြောကြားသည်။
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းရှိ မြေယာသိမ်းဆည်းခံထားရသည့် တောင်သူ ၁၀၀ နီးပါးက နစ်နာကြေးရယူလိုကြောင်း မေလ ၁ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲ ဦးဆောင်သူများထံမှ သိရသည်။
မြန်မာ- အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့တည်ထောင်သည့် ၇၆ နှစ်ပြည့် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခွင့်မပေးသည့်အပေါ် ဆန္ဒထုတ်ဖော်၍ ကျောက်တိုင်စိုက်ထူခွင့်ရရှိရေး တောင်းဆိုမည်ဖြစ်ကြောင်း ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန်လျန်မာက ပြောကြားသည်။