News

POST TAGGED AS

ဆန္ဒပြ

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် စစ်အစိုးရဆန့်ကျင်ရေးအင်အားစုများက အစိုးရရုံးရှိရာသို့ ချီတက်ဆန္ဒပြပြီးလာမည့် နိုဝင်ဘာလ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရေးတောင်းဆိုရန် စီစဉ်ခဲ့ကြရာ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအာဏာပိုင်များက အဟန့်အတားများချကာ ပိတ်ဆို့ခဲ့ကြကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ ဒေသခံပြည်သူ ၅၀၀ခန့်က မေလ ၂၁ ရက် နံနက်တွင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင် ဦးစိန်ဝင်းက ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ သိမ်းဆည်းခံ မြေယာများနှင့်ပတ်သက်၍ မေလ ၁၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကို တိုက်ရိုက် (Live)ထုတ်လွှင့်ခဲ့သည့် ယူနတီဂျာနယ်ကို မတောင်းပန်ပါက တရားစွဲဆိုမည်ကြောင်း မွန်ပြည်နယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်းက ဆိုသည်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းသည် သတင်းရယူခွင့် ပိတ်ပင်တားဆီးသည်ဟုဆိုကာ ဒေသတွင်း သတင်းမီဒီယာသမားတစ်ဦးက ရွှေကျင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးရှေ့တွင် မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်က ဆန္ဒဖော်ထုတ်ခဲ့သည်။
ပြည်သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း နေထိုင်သူများ နေအိမ်အသစ် ဆောက်လုပ်မှု၊ ပြန်လည်ပြင်ဆင်မှုများကြောင့် တရားစွဲဆိုခံနေရမှုနှင့် ပတ်သက်၍ ဒေသခံများက မေလ ၁၉ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။
17-May-2018 tagged as ဆန္ဒပြ ရန်ကုန်
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ညောင်ပင်ရွာ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းစီမံကိန်း၊ ဇုန် ၁ တွင် ဆောက်လုပ်ထားသည့် ငါးပေါင်းမှုန့်စက်ရုံမှ အနံ့ဆိုးများ ထွက်ရှိသည့်အတွက် ပတ်ဝန်းကျင်နေပြည်သူများ၏ ကျန်းမာရေးထိခိုက်စေသည့်အတွက် စက်ရုံပိတ်သိမ်းပေးရန် ဒေသခံပြည်သူ ၂၀၀ ကျော်သည် မေလ ၁၆ ရက် နံနက် ၁၀ နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့သည်။
ဂျေရုဆလင်၌ အမေရိကန်သံရုံးသစ် ဖွင့်လှစ်မှုအတွက် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ ဂုဏ်ပြုအခမ်းအနားများကျင်းပပြုလုပ်နေစဉ် ဂါဇာဒေသလုံခြုံရေး ခြံစည်းရိုးတစ်လျှောက် ဆန္ဒပြလျက်ရှိသော ပါလက်စတိုင်းများကို အစ္စရေးတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းရာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၅၈ ဦး သေဆုံးသွားကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ရန်ကုန်မြို့ တာမွေအဝိုင်းထိပ်အနီးတွင် မေလ ၁၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုဆန္ဒပြပွဲတွင် ပါဝင်သူများကို ရဲတပ်ဖွဲ့ က ရှင်းလင်းရာတွင် အရပ်ဝတ်များကို အသုံးပြုခြင်းမရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက အတည်ပြု ပြောကြားသည်။
စစ်ပွဲများရပ်တန့်ရန် ဆန္ဒပြခဲ့သည့် တာမွေအဝိုင်းထိပ်ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ၌ မပါဝင်ခဲ့သော ဦးဆောင်သူကိုးဦးကို ငြိမ်း စု စီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိစေရန် ၎င်းတို့ကို မေလ ၁၅ ရက်က ဗဟန်းရဲစခန်းက အကြောင်းကြားစာဖြင့် ပေးပို့ဆင့်ခေါ်ခဲ့သည်။
မွန်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးမှုရှိစေရေးအတွက် မေလ ၁၄ ရက်မှစတင်ကာ ကျိုက်ထို၊ မော်လမြိုင်၊ ရေးမြို့နယ်ရှိ ဒေသခံများက သုံးရက်ကြာ ဆန္ဒထုတ်ဖော်နေကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။