News

POST TAGGED AS

ဆန္ဒပြ

မတ်လ ၃၀ ရက်နေ့က စတင်ခဲ့သော အစ္စရေးနှင့် ဂါဇာနယ်စပ်ဒေသ ခြံစည်းရိုးတစ်လျှောက် ပါလက်စတိုင်းတို့၏ ချီတက်ဆန္ဒပြပွဲများအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၁၂၄ ဦးသေဆုံးခဲ့ပြီး ၁၃၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။
အရှေ့အလယ်ပိုင်းဒေသ၏ တည်ငြိမ်မှုအရှိဆုံးနိုင်ငံများတွင်ပါဝင်သော ဂျော်ဒန်တွင် အခွန်တိုးမြှင့်ကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေသော ပြည်သူများက မြို့တော်အက်မန်၌ စုဝေးကာ အစိုးရနုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက အုပ်စု (ဂ) တွင် သတ်မှတ်ထားသည့် Delivery Van ယာဉ်များ၏ ဒဏ်ကြေးသတ်မှတ်ချက်ကို မကျေနပ်၍ ယင်းယာဉ်တင်သွင်းထားသူ ၁၀၀ ဦးခန့်က ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တင်ထားကြောင်း ၎င်းတို့ထံမှသိရသည်။
ငြိမ်းချမ်းရေးရရှိရေးနှင့် ငြိမ်းချမ်းရေးရရှိရန် တောင်းဆိုမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံရသော ကျောင်းသားလူငယ်များလွှတ်ပေးရေး ပြည်မြို့တွင် ဆုတောင်းဆန္ဒပြပွဲလုပ်ခဲ့သော ကျောင်းသားလူငယ် ၈ ဦးကို ပြည်မြို့နယ် ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားကြောင်း ပြည်မြို့နယ်၊ ရဲမှူးသန်းထွန်းအောင်က ပြောကြား သည်။
ဥရောပ၏ လူမှုရှေးရိုးစွဲ အိုင်ယာလန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်ခြင်းကို အဆုံးသတ်ရန်အတွက် ဆန္ဒခံယူပွဲတွင် သောင်ပြိုကမ်းပြို မဲပေး၍ ဆုံးဖြတ်လိုက်ကြပြီးနောက် အိုင်ယာလန်ဝန်ကြီးချုပ်က အောင်မြင်သော အသံတိတ်အသွင်ပြောင်း တော်လှန်ရေးအဖြစ် ဂုဏ်ပြုပြောဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
28-May-2018 tagged as ဆန္ဒပြ ပြင်သစ်
ပြင်သစ်နိုင်ငံတွင် သမ္မတအီမန်နျူ ယယ်မက်ခရွန်၏ အများပြည်သူနှင့်ဆိုင်သော အခန်းကဏ္ဍများ ပြုပြင်ပြောင်းလဲမှုကို မကျေနပ်သည့် ချီတက်ဆန္ဒပြမှုကြီးကို ပြင်သစ်၏ ပင်မလက်ဝဲစွန်းပါတီနှင့် အခြားအဖွဲ့အစည်း ၈၀ ခန့်ပူးပေါင်းပြုလုပ်ခဲ့ရာ လူထောင်နှင့်ချီ၍ ပါဝင်ခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
28-May-2018 tagged as ဆန္ဒပြ ဘိုကလေး
ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု ဘုတ်ချောင်း၊ ပဒဲကော၊ ကုန်းတန်းပေါက် စသည့်ကျေးရွာရှိ မူလလုပ်ကိုင်ခဲ့သော တောင်သူ ၆၀ ခန့်က သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် မေလ ၂၇ ရက် နံနက်က ဘိုကလေးမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ကြသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေရယူရေးအတွက် အာဂျင်တီးနားအစိုးရ ဆွေးနွေးနေခြင်းကို ထောင်နှင့်ချီသည့် နိုင်ငံသားများ ဆန္ဒပြလျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
တာမွေခုံးကျော်တံတား အောက်တွင် မေလ ၁၂ ရက်က စစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူ ၁၇ ဦးကို ငြိမ်း၊ စု၊ စီ ပုဒ်မ ၂၀ဖြင့် ဗဟန်းရဲစခန်းက အမှုဖွင့်ခဲ့ပြီး ယနေ့(မေလ ၂၅ ရက်) ဗဟန်း တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း အမှုဖွင့်ခံရသူများထံမှ စုံစမ်းသိရသည်။
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် စစ်အစိုးရဆန့်ကျင်ရေးအင်အားစုများက အစိုးရရုံးရှိရာသို့ ချီတက်ဆန္ဒပြပြီးလာမည့် နိုဝင်ဘာလ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရေးတောင်းဆိုရန် စီစဉ်ခဲ့ကြရာ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအာဏာပိုင်များက အဟန့်အတားများချကာ ပိတ်ဆို့ခဲ့ကြကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။