News

POST TAGGED AS

ဆန်

30-Apr-2017 tagged as ဆန်
ပြည်ပနိုင်ငံများမှ အဝယ်လိုက်သည့်အပြင် သင်္ကြန်ကာလအတွင်းက အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆန်ကြမ်းဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ ခန့်အထိ ဈေးမြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
27-Apr-2017 tagged as ဆန်
မြန်မာ့ဆန်တင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ပို့ခွင့် ရသော်လည်း တရုတ်နိုင်ငံဘက်မှ တရားမဝင်အဖြစ်သာ သတ်မှတ်ထားခြင်းကြောင့် မရေရာမှုများစွာ ရှိနေသည့် မြန်မာကုန်သည်များ အနေနှင့် အကြွေးဖြင့်သာ ရောင်းချခြင်းဖြစ်သည့် အတွက် မည်သည့်အာမခံချက်မျှ မရှိပေ။
24-Mar-2017 tagged as ဆန်
ပြည်ပသို့ ဆန်တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်စမှ မတ်လ ၂၀ ရက်နေ့အထိ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် တင်ပို့ထားကာ ယခင်ဘဏ္ဍာနှစ်ထက် တန်ချိန်တစ်သိန်းခန့် ပိုမိုတင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
23-Mar-2017 tagged as ဆန်
တရုတ်နိုင်ငံက မြန်မာ့ဆန်တန်ချိန် တစ်သိန်း ဝယ်ယူရန် ကမ်းလှမ်းထားရာ ယင်းစာချုပ် ချုပ်ဆိုပြီးမှသာ တရုတ်ဗဟိုအစိုးရ၏ ဆန်အရည်အသွေး စစ်ဆေးရေးအဖွဲ့ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
20-Feb-2017 tagged as ဆန်
ပင်လယ်ရေကြောင်းမှ တစ်ဆင့် မြန်မာ့ဆန်တန်ချိန် တစ်သိန်းကို တရားဝင် ရောင်းချရန် တရုတ်နိုင်ငံကို ကမ်းလှမ်းမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
10-Feb-2017 tagged as ဆန်
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် စာရင်းပေးထားသည့် ပြည်တွင်းကုမ္ပဏီ ၂၉ ခုကို တရုတ်နိုင်ငံမှ ဆန်အရည်အသွေး စစ်ဆေးသည့်အဖွဲ့က ယခုလအတွင်း လာရောက်စစ်ဆေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
02-Feb-2017 tagged as ဆန်
အာဖရိကနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၇၅,၆၆၀ မက်ထရစ်တန်ကို ၂၀၁၆ ဧပြီလမှ ၂၀၁၇ ဇန်နဝါရီလအထိ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
29-Jan-2017 tagged as ဆန် သီရိလင်္ကာ
သီရိလင်္ကာနိုင်ငံသို့ ဖေဖော်ဝါရီလမှစကာ ဧပြီလအထိ ဧည့်မထဆန်တန်ချိန် ငါးသောင်း တင်ပို့ရန်အတွက် ကနဦး ဆွေးနွေး အတည်ပြုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
14-Jan-2017 tagged as ဆန်
၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလအတွင်း ဆန်တန်ချိန် တစ်သိန်း ရှစ်သောင်းကို ပင်လယ်ရေကြောင်းမှတစ်ဆင့် နိုင်ငံတကာသို့ တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
28-Dec-2016 tagged as ဆန်
စပါးဈေး ပြန်လည် မြင့်တက်လာပြီ ဖြစ်သည့်အတွက် အစိုးရက တောင်သူများထံမှ စပါး ဝယ်ယူမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။