News

POST TAGGED AS

ဆန်

01-Oct-2017 tagged as ဆန်
ကျပ်သိန်းပေါင်းသောင်းနှင့်ချီ၍ လိမ်လည်သွားသူ ဦးနိုင်ထူးဝင်းကို ဖမ်းမိနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှတစ်ဆင့် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)ကို ကူညီဖမ်းဆီးပေးရန် တောင်းဆိုထားကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
30-Sep-2017 tagged as ဆန်
ဆက်တိုက်မြင့်တက်နေသော အဓိက စားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ကြက်သွန်နီ ဈေးနှုန်းများသည် ယခုအခါ ဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းကုန် စည်ဈေးကွက်အတွင်းမှ သိရသည်။
25-Sep-2017 tagged as ဆန်
ဈေးနှုန်းဆက်တိုက်မြင့်နေသော ဆန်ကြမ်းဈေးနှုန်းများသည် လက်ကျန်နည်းခြင်းကြောင့် ဆက်တက်လာပြီး အကျဈေးဖြင့် ငြိမ်နေသော ဆန်ချောများလည်း ဈေးပြန်တက်ကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန်ဈေးကွက် အတွင်းမှ သိရသည်။
22-Sep-2017 tagged as ဆန်
ဆက်တိုက်မြင့်တက်နေသော ပြည်ပပို့ ဆန်ဈေးများသည် ၂ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်း တစ်ရပ်သို့ ရောက်ရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။
09-Sep-2017 tagged as ဆန်
ပင်လယ်ရေကြောင်းဘက်မှ တင်ပို့မှုများစွာ ရှိနေသည့်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏသည် ဆယ်စုနှစ်တာ ကာလများအတွင်း အများဆုံးအဖြစ် စံချိန်တင် ပမာဏတစ်ခုသို့ ရောက်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဆန်ကုန်သည်ကြီးများက ပြောကြားသည်။
မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၅ နှစ်အတွင်း ဆန်တန်ချိန် တစ်သန်းတင်ပို့ရောင်းချမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။
29-Aug-2017 tagged as ဆန်
ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ရနိုင်ရန် မြန်မာနိုင်ငံဘက်က ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ဈေးနှုန်းပိုင်း ယှဉ်ပြိုင်နိုင်ခြင်းမရှိ၍ ဗီယက်နမ်နိုင်ငံက တင်ဒါ အောင်မြင်သွားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
28-Aug-2017 tagged as ဆန်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်စဉ် အတွင်းရှိ အခက်အခဲ တွေ့နေသူများကို ဆန်လှူမည် ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
27-Aug-2017 tagged as ဆန် မန္တလေး
ဗန်းမော်-လွယ်ဂျယ် နယ်စပ်ဝင်ပေါက် ပိတ်လိုက်ခြင်းကြောင့် ဩဂုတ်လ တတိယပတ်ကစ၍ ဆန်ဈေးကွက်အတွင်း အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း မန္တလေး ဆန်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ပြောကြားသည်။