News

POST TAGGED AS

ဆန်

ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ပြည်ပနိုင်ငံများသို့ ဆန်တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ထိရောက်သည့် အကြံပြုချက်စာတမ်းတစ်ခုကို အစိုးရထံ တင်ပြရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ကချင်ပြည်နယ်ရှိ သဘာဝဘေးနှင့် စစ်ဘေးရှောင်သူများအတွက် ဆန်တန်ချိန် ၃၁၁ ဒသမ ၄၇၇ တန်ကို အာဆီယံ+၃ အရန်ဆန်ရိက္ခာအစီအစဉ် ၃ အရ ဂျပန်နိုင်ငံအစိုးရက ထောက်ပံ့ခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ဆန်စပါး၊ အဖိုးတန် ကျောက်မျက်ရတနာများ အပါအဝင် ကုန်ပစ္စည်းလိုင်းပေါင်း ၃၃၄၅ လိုင်းကို မတ်လ ၁ ရက်နေ့မှ စ၍ ပို့ကုန်လိုင်စင် လျှောက်ထားရမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယခုအပတ်အတွင်း ရန်ကုန် ဆန်ဈေးကွက်အတွင်းသို့ ဆန်ဝင်ရောက်မှုမှာ ထက်ဝက်ခန့် လျော့ကျနေသည့်အတွက် ဆန်ချောတစ်အိတ် ကျပ် ၁၀၀၀ မှ ၅၀၀၀ အထိ ဈေးတက်ကြောင်း ဘုရင့်နောင်နှင့် ဝါးတန်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီလက ဆန်တန်ချိန် ၉၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းထံမှ သိရသည်။
ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆန်စပါးတွင်ပါဝင်သည့် အစိုဓာတ်များကို တိုင်းတာစစ်ဆေးရာ၌ ပိုမိုတိကျကောင်းမွန်သည့်စနစ်တစ်ခု ပေါ်ထွန်းလာစေရေးအတွက် ဂျပန်နိုင်ငံမှ Kett Electric Laboratory (Kett) ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ် (MoU) ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
28-Jan-2018 tagged as ဆန် လှိုင်သာယာ
လှိုင်သာယာမြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းတွင် နေထိုင်သော ဆန်ကုန်သည် အမျိုးသားတစ်ဦးကို ကျပ်သိန်း နှစ်ထောင်ကျော် လိမ်လည်မှုဖြင့် ဇန်နဝါရီလ ၂၇ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်ဆန်ဈေးကွက်သို့ စတင်ဝင်ရောက်ရောင်းချနေပြီဖြစ်သော ရွှေဘို ပေါ်ဆန်းသစ် အဖွင့်ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ကထက် မြင့်တက်ကြောင်း ဝါးတန်းဆန်ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။
19-Jan-2018 tagged as ဆန် ဟင်္သာတ
စံချိန်တင်မြင့်တက်ခဲ့သည့် စပါးဈေးမှာ ယခုအခါ ဈေးပြန်ကျနေသည့်အတွက် ဟင်္သာတမြို့နယ်အပါအဝင် ဧရာဝတီတိုင်းရှိ ဒေသအများစု၌ ကုန်သည်အများစုသည် အကြွေးစနစ်ဖြင့်သာ စပါးကို ဝယ်ယူမှုများနေကြောင်း စပါးပွဲစားများထံမှ စုံစမ်းသိရှိရသည်။
18-Jan-2018 tagged as ရန်ကုန် ဆန်
ရန်ကုန်မြို့တော်၏ အဓိက ဆန်ဈေးကွက်ကြီးနှစ်ခုဖြစ်သော ဘုရင့်နောင်နှင့်ဝါးတန်း ဆန်ကုန်စည်ဈေးကွက်များသို့ နယ်ဒေသများမှ ဆန်ဝင်ရောက်မှု လျော့ကျကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။