News

POST TAGGED AS

ဆန်

02-Aug-2018 tagged as ဆန် ပြည်ပ
ရာသီဥတုအခြေအနေအရ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများအပြင် ပြည်ပသို့ စပါးအတိုင်း တရားမဝင်တင်ပို့မှုများကြောင့် ပြည်ပသို့ ဆန်တင်ပို့မှု လျော့နည်းသွားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ဆန်အပါအဝင် ကြက်သွန်၊ အာလူးနှင့် သား၊ ငါး လက်လီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း လက်လီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မကွေးတိုင်းအတွင်းသို့ ပြီးခဲ့သည့်လအတွင်းက တရုတ်ကုန်သည်များ ဆန်နှင့်စပါးတို့ကို တိုက်ရိုက်လာဝယ်ခြင်းကြောင့် ဈေးနှုန်းများမြင့်တက်နေရာမှ ၎င်းတို့အဝယ်လျော့သွား၍ ဆန်ဈေးများပြန်လည် ကျဆင်းကြောင်း ဆန်ပွဲရုံပိုင်ရှင်များထံမှ သိရသည်။
05-Jul-2018 tagged as ရန်ကုန် ဆန်
ပြီးခဲ့သည့်နှစ်အတွင်းက ပြည်ပဆန်တင်ပို့မှုများပြားခဲ့ခြင်းကြောင်း ဆန်လက်ကျန်နည်းပြီး ဈေးနှုန်းဆက်တိုက်မြင့်တက်နေရာမှ ယခုအခါ ဆန်တစ်အိတ်လျှင် မူလထက် ကျပ် ၃၀၀၀ အထိ ဆက်လက်မြင့်တက်ကြောင်း ရန်ကုန်ဆန်ဈေးကွက်အတွင်းမှ သိရသည်။
ရေဘေးသင့်ဒေသများအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ရရှိထားသော အာဆီယံ အရေးပေါ် အရန်ဆန် တန် ၁၀၀၀ အနက် ကျန်ရှိနေသော ဆန်တန်ချိန် ၄၂၂ တန်ကို လိုအပ်နေသော ရေဘေးသင့်ဒေသများကို ဖြန့်ဝေပေးနိုင်ရန် အာဆီယံအဖွဲ့ထံ တင်ပြဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။
26-Jun-2018 tagged as ဈေးကွက် ဆန်
ရန်ကုန်ဆန် လက်ကားဈေးကွက်အတွင်း ဆန်လက်ကျန်နည်းပါးနေခြင်းကြောင့် ဈေးနှုန်းဆက်တိုက်မြင့်တက်နေကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။
ပေါ်ဆန်းဆန်ကို မြန်မာ့မျိုးရင်းအဖြစ် သတ်မှတ်နိုင်ရန်အတွက် ပညာရှင်များနှင့် ဆန်စပါးလုပ်ငန်းရှင်များ ပူးပေါင်း၍ ပေါ်ဆန်းမွှေးဆန် သုတေသနစာအုပ် ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
11-Jun-2018 tagged as ဥပဒေ ဆန် စပါး
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ဆန်စပါးနှင့်ပတ်သက်သည့် ဥပဒေမရှိသေးသောကြောင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆန်စပါးဥပဒေကို စတင်ရေးဆွဲလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှသိရသည်။
07-Jun-2018 tagged as ဆန် ရွှေဘို
ရွှေဘိုပေါ်ဆန်း ဒေသန္တဆိုင်ရာအညွှန်း GI (Geographical Indication) မူပိုင်ခွင့်ရရှိရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် ဇွန်လ ၅ ရက်နေ့၌ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းက ကျင်းပခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ငွေက ပြောကြားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ မြန်မာ့ဆန် တန်ချိန်တစ်သိန်းကို ဇူလိုင်လတွင် ဘင်္ဂလားဒေ့ရှ်သို့ စတင်တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။