News

POST TAGGED AS

ဆင်သတ်ဂိုဏ်း

ဧရာဝတီတိုင်းတွင် တောဆင်ရိုင်း သတ်ဖြတ်ခံရမှုများဖြစ်ပေါ်နေသည့်အတွက် ဆင်သတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေးနှင့် တောဆင်ရိုင်းများ သတ်ခံရမှု ကာကွယ်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဧရာဝတီတိုင်း ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု မြစ်တစ်ရာ သစ်တောကြိုးဝိုင်း အကွက်အမှတ် ၂၁၅ တွင် မတ်လ ၉ ရက် ညနေပိုင်းက ဆင်သတ်ဂိုဏ်းမှ ပါဝင်သူနှစ်ဦးကို ဖမ်းမိကြောင်း တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောသည်။