News

POST TAGGED AS

ဆက်သွယ်ရေး

ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ရန် ယနေ့ (ဇူလိုင် ၁၃ ရက်) ကျင်းပသော အမျိုးသားလွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့နှင့် ဇူလိုင်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။
ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) အပါအဝင် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းသည် မူလဥပဒေမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိကြောင်း ဥပဒေပညာရှင်များနှင့် ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားသူများက ဝေဖန်လိုက်သည်။
ပြည်သူများအကြား နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ပုဒ်မ ၆၆(ဃ) အပါအဝင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် အင်တာနက် စာမျက်နှာတွင် ဇူလိုင် ၇ ရက်နေ့စွဲဖြင့် လွှင့်တင်ထုတ်ပြန်ထားသည်။
သတင်းမီဒီယာသမား အပါအဝင် အင်တာနက် အွန်လိုင်းသုံးစွဲသူများကို ခြိမ်းခြောက်နေသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆( ဃ)နှင့်ပတ်သက်၍ စွပ်စွဲခံရသူကို အာမခံ မပေးခြင်းမှာ မဖြစ်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော ‘ကျည်ထောင်စုသစ္စာ’ သရော်စာနှင့် ပတ်သက်၍ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို အရေးယူပေးရန် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဗဟန်းမြို့နယ် တရားရုံးတွင် ထပ်မံဦးတိုက် လျှောက်ထားခဲ့ကြောင်း ဗဟန်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ ဇွန်လ ၂၃ ရက် ရက်စွဲဖြင့် The Voice ထံ ပေးပို့ခဲ့သည်။
ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနှင့် ဥပဒေအရ ပြင်ဆင်မှုများ ပြုလုပ်ကာ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာ အရာထမ်း အချင်းချင်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားမှုကို နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ညွှန်ကြားချက်အရ ဇွန်လဒုတိယပတ်မှ စတင်ကာ ပြန်လည် စစ်ဆေးနေကြောင်း သတင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့နယ် ရွာမကြီးကျေးရွာတွင် နွားလွှတ်ကျောင်းသည့် ပြဿနာနှင့် ပတ်သက်ပြီး နှစ်ဖက်အချင်းများခဲ့ရာမှ ထဘီလှန်ပြသည့် အနေအထားဖြင့် အသက် ၆၀ အရွယ် ဒေါ်တင်ညွန့်၏ ဗီဒီယိုဖိုင်အား ရိုက်ကူးသူနှင့် လူမှုကွန်ရက်တွင် တင်ခဲ့သူကို ခင်ပွန်းဖြစ်သူ ဦးရဲဝင်းက ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ် တိုင်ကြားခဲ့သည်ဟု ကညွတ်ကွင်း နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
သတင်းမီဒီယာ လွတ်လပ်ခွင့်အပြင် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားသည့်နှယ် ရှိနေသည့် ပုဒ်မ ၆၆(ဃ) အပါအဝင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်ရန် လုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။