News

POST TAGGED AS

ဆက်သွယ်ရေး

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အော်ပရေတာ သုံးခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အူရီဒူးနှင့် တယ်လီနောတို့၏ မိုဘိုင်းလ်ဖုန်းသုံးစွဲသူပေါင်း သန်း ၅၀ ကျော်အထိရှိကြောင်း အဆိုပါ အော်ပရေတာများထံမှ သိရသည်။
ပြည်မြို့၊ ဆင်စုရပ်ကွက်၊ မိချောင်း ရဲရပ်အတွင်း ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်နေမှုကို ကန့်ကွက်စာ တင်ထားသော်လည်း လုပ်ငန်းရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်နေသည့်အတွက် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူ ဒေါ်ဆွေဆွေသက်က ပြောကြားသည်။
ပြည်တွင်း ဆက်သွယ်ရေးဈေးကွက်တွင် ယှဉ်ပြိုင်မှု ပိုမိုများပြားလာခြင်းကြောင့် ဆက်သွယ်ရေး ကဏ္ဍအတွက် လွတ်လပ်သည့် ဆက်သွယ်ရေး ကြီးကြပ်မှု ကော်မရှင် ဖွဲ့စည်းရန်လိုအပ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Lars Erik Tellmann က ပြောကြားသည်။
ဗီယက်နမ်အခြေစိုက် Viettel နှင့် ပြည်တွင်းကုမ္ပဏီများ ဖွဲ့စည်းထားသည့် Myanmar National Telecom Holdings ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ထားသည့် စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ MyTel က မတ်လတွင် ဝန်ဆောင်မှု စတင်မည်ဖြစ်ကြောင်း အဆိုပါအော်ပရေတာထံမှ သိရသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ - ဃ ဖြင့် အမှုရင်ဆိုင်နေရသည့် မြန်မာနောင်းသတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်း၏အမှုကို ဇန်နဝါရီလ ၁၆ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေကို စတင်စစ်ဆေးခဲ့သည်။
မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီတွင် ဘဏ္ဍာရေး ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသော လက်ဘနွန်နိုင်ငံသားတစ်ဦးကို ငွေကျပ်သိန်းပေါင်း နှစ်ထောင့်ခြောက်ရာကျော် အလွဲသုံးစားပြုမှုဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
09-Oct-2017 tagged as ဆက်သွယ်ရေး
ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဝင်ရောက်လာတော့မည့် စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ Mytel က ဈေးနှုန်းထက် အရည်အသွေးကို အဓိကထား ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Mytel မှ Chief External Relation Officer ဦးဇော်မင်းဦးက ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံသည် ဒုတိယ အင်တာနက် ဆက်သွယ်ရေးအတွက် ရုရှားနိုင်ငံ ကုမ္ပဏီတစ်ခုက ရယူနေသောကြောင့် ဆိုက်ဘာ တိုက်ခိုက်မှုများကို ပြုံယမ်းအနေနှင့် လုပ်ဆောင်ရန် ပိုကောင်းသွားပြီး ခြေရာခံလိုက်ရန်လည်း မဖြစ်နိုင်ကြောင်း ဆိုက်ဘာ လုံခြုံရေး ပညာရှင်များ၏ ပြောကြားချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။
အွန်လိုင်းပေါ်တွင် ခိုးဝင်ဘင်္ဂါလီများ တုတ်၊ ဓားလက်နက်များဖြင့် စာသင်ကျောင်းသို့ ရောက်ရှိလာသည်ဟု ရေးသားခဲ့သည့် ပြည်မြို့နယ် NLD ပြန်ကြားရေးတာဝန်ခံကို အီလက်ထရောနစ် ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်မြို့နယ်၊ အမှတ် ၃ နယ်မြေရဲစခန်း ရဲအုပ်အောင်မြတ်ခိုင်က ပြောကြားသည်။
တောင်ငူမြို့နယ် အမှတ် ၁၉ ရပ်ကွက် ရိပ်သာလမ်းတွင် အလှပြင်ဆိုင် ဖွင့်ထားသော အမျိုးသမီး အထည်ဖိုး ကျပ်ခုနစ်သောင်းကျော် မပေးဟုဆိုကာ လူမှုကွန်ရက်တွင် ရေးသားခဲ့သူ အမျိုးသမီးကို စက်တင်ဘာလ ၉ ရက်နေ့က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားကြောင်း တောင်ငူမြို့မ ရဲစခန်းထံမှ သိရသည်။