News

POST TAGGED AS

ဆက်သွယ်ရေး

မောင်တောမြို့၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားသည်ဟု ကောလာဟလသတင်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖြန့်ဝေခဲ့သော အလွတ်တန်းသတင်းထောက် ကိုမြတ်သူထွန်း (ခ)ဖိုးသီဟကို ဇွန်လ ၁၂ ရက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ (က) ဖြင့် အမှုဖွင့်လိုက်ကြောင်း မြောက်ဦးမြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်သူရက ပြောကြားသည်။
ပဲခူးတိုင်းစည်ပင်သာယာရေး ဝန်ကြီးဟောင်း၊ သာယာဝတီမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးမောင်မောင်လွင်က လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းကိုဝေဖန်သည့် ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ပုဒ်မဖြင့် အမှုဖွင့်ထားရာ ဇွန်လ ၈ ရက်က သာယာဝတီမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးသည်။
ဆက်သွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်သည့် Amara Communications ၏ Ananda 4G Broadband ဝန်ဆောင်မှုသည် ရန်ကုန်မြို့တွင် ၂၅ မြို့နယ်သာ ကွန်ရက်လွှမ်းခြုံထားနိုင်သေးကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
ပုသိမ်မြို့တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြဇာတ်ကသော ကျောင်းသားများ၏ ဗီဒီယိုဖိုင်အား ဖေ့စ်ဘွတ်ခ်တွင်တင်သူ ဦးထွန်းထွန်းဦးကို မေလ ၇ ရက်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း ပုသိမ်မြို့နယ် တရားရုံးထံမှ သိရသည်။
တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အရေးတကြီးဆက်သွယ်နိုင်မည့် Hotline တစ်ခုကို ဧပြီလ ၂၀ ရက် (သောကြာနေ့) တွင် စဖွင့်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရအရာရှိကြီးများ၏ ပြောကြားချက်ကို AFP သတင်းဌာနက ကိုးကားဖော်ပြသည်။
လူမှုကွန်ရက်မှတစ်ဆင့် တရားရုံးနှင့်တရားသူကြီးများ၏ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုသည်ဟုဆိုကာ မြန်မာသံစဉ်အဆိုတော် တသသကို စဥ့်ကူးမြို့နယ် တရားသူကြီးဦးဝင်းဇော်ဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆-ဃ ဖြင့် အမှုဖွင့်လိုက်သည်။
ကမ္ဘာလှည့်ခရီးသွားများအနေနှင့် ခရီးစဉ်ကာလများအတွင်း ဆက်သွယ်ရေးဆိုင်ရာပစ္စည်များ အသုံးပြုပါက ယာယီ လှိုင်းနှုန်းစဉ် အသုံးပြုခွင့်ကို ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနသို့ လျှောက်ထားရန်လိုအပ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက မတ်လ ၁၃ ရက်က အသိပေးထုတ်ပြန်ထားသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာနောင်း သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအနေနှင့် ဆရာတော် ဦးဝီရသူကို ခြေဖမိုးဦးခိုက်ကာ ရှိခိုးတောင်းပန်ပါက စွဲဆိုထားသည့်အမှုကို ပိတ်သိမ်းပေးသွားမည်ဖြစ်ကြောင်း တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အော်ပရေတာ သုံးခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အူရီဒူးနှင့် တယ်လီနောတို့၏ မိုဘိုင်းလ်ဖုန်းသုံးစွဲသူပေါင်း သန်း ၅၀ ကျော်အထိရှိကြောင်း အဆိုပါ အော်ပရေတာများထံမှ သိရသည်။
ပြည်မြို့၊ ဆင်စုရပ်ကွက်၊ မိချောင်း ရဲရပ်အတွင်း ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်နေမှုကို ကန့်ကွက်စာ တင်ထားသော်လည်း လုပ်ငန်းရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်နေသည့်အတွက် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူ ဒေါ်ဆွေဆွေသက်က ပြောကြားသည်။