News

POST TAGGED AS

စွန့်ဦးတီထွင်

ရင်းနှီးမြှုပ်နှံမှုကန်ဒေါ်လာ ၂၅,၀၀၀ ရရှိမည့် စွန့်ဦးတီထွင်ပြိုင်ပွဲ ပြုလုပ်မည်
ရန်ကုန်၊ ဇွန် ၂၁

ပြည်တွင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၅,၀၀၀ အထိရရှိမည့် ဖန်တီးရာ Accelerator ပြိုင်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲပြုလုပ်သည့် ဖန်တီးရာအဖွဲ့အစည်းထံမှ သိရသည်။

ယင်းပြိုင်ပွဲတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ကနဦး ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ ရုံးခန်းနေရာ၊ လုပ်ငန်းအတွက် လမ်းညွှန်မှုများအပြင် ရင်းနှီးမြှုပ်နှံသူများနှင့်ပါ တွေ့ဆုံခွင့်ရရှိမည်ဖြစ်ကြောင်း ဖန်တီးရာထံမှ သိရသည်။

အဆိုပါပွဲတွင် ရွေးချယ်ခံရသည့် Startup လုပ်ငန်းများအနေင့် ဒေါ်လာ ၂၅,၀၀၀ ရင်းနှီးမြှုပ်နှံမှု၊ ဖန်တီးရာတွင် ရုံးခန်းအတွက် နေရာ၊ အကျိုးတူပူးပေါင်း ပါဝင်ထားသူများထံမှ ဒေါ်လာနှစ်သိန်း ကျော်တန်ဖိုးရှိသည့် ဝန်ဆောင်မှုများ၊ ပြည်တွင်းနှင့်ပြည်ပရှိ နည်းပြ ၄၀ ကျော်တို့၏ လုပ်ငန်းဆိုင်ရာများကို ခြောက်လကြာ သင်ကြားပေးမှုများ ရရှိမည်ဖြစ်သည်။

ယခု Accelerator အမှတ်စဉ် (၃) အတွက် ဝင်ခွင့်လျှောက်လွှာများကို http://bit.ly/accelerator2019 တွင် ဇွန်လ ၂၇ ရက်နေ့မှ စတင်ကာ ဩဂုတ်လ ၉ ရက်နေ့အထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး စက်တင်ဘာလတွင် Startup လုပ်ငန်းပေါင်း ၁၂ ခုအထိ ရွေးချယ်သွားမည်ဖြစ်သည်။

J-01



FOLLOW US