News

POST TAGGED AS

စုံစမ်းစစ်ဆေးရေးအဖွဲ့

ရခိုင်အရေးနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယနေ့ (ဩဂုတ် ၃၁ ရက်) တွင် မောင်တောမြို့သို့ ပထမဆုံးအကြိမ်အဖြစ် လေ့လာရန်အတွက် ရောက်ရှိလာပြီဖြစ်ကြသည်။
မြောက်ဦးမြို့ အဓိကရုဏ်းနှင့်ပတ်သက်၍ စုံစမ်းလေ့လာရန်အတွက် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသော မြောက်ဦး စုံစမ်းလေ့လာရေးအဖွဲ့ စစ်ဆေးရန် ကြန့်ကြာမှုနှင့်ပတ်သက်၍ ဒေသခံများက ဝေဖန်လျက်ရှိသည်။
ကျိုက်ထိုမြို့နယ် တရားသူကြီး ဦးဦးသိန်းထွန်းနှင့် သံတွဲမြို့နယ် အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်းတို့ကို အဂတိ လိုက်စားမှုဖြင့် ဧပြီလ ၁ ရက်က အမှုဖွင့်လိုက်ကြောင်း မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။
မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုဖွဲ့စည်းလိုက်သော မြောက်ဦးအရေး စုံစမ်းစစ်ဆေးရေးဖွဲ့ အမည်ကို စုံစမ်းလေ့လာရေးအဖွဲ့ အမည်အဖြစ် မတ်လ ၁၃ ရက်က ကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြောင်းလဲလိုက်သည်။
မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စုံစမ်းလေ့လာရေးအဖွဲ့ဟု မတ်လ ၆ ရက်တွင် ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုပြောင်းလဲမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောကြားသည်။
ရခိုင်ပြည်နယ် မြောက်ဦးပဋိပက္ခအတွင်း လူခုနစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ပြည်နယ်လွှတ်တော်က ဖွဲ့ထားသည့် စုံစမ်းရေးအဖွဲ့သည် မတ်လတွင် စတင်စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှသိရသည်။
မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ မြေပြင်အခြေအနေ ရှုပ်ထွေးနေမှုကြောင့် မြေပြင်သို့ သတ်မှတ်ရက်အတွင်း သွားရောက်စစ်ဆေး စုံစမ်းမေးမြန်းမှုများ မဆောင်ရွက်နိုင်သေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။