News

POST TAGGED AS

စိုးမိုးရေး

တောင်သာမြို့နယ် တရားဥပဒေ စိုးမိုးရေးနှင့် အဂတိလိုက်စားမှု ကင်းစင်ရေးအတွက် ကျေးရွာပေါင်း ၂၀ မှ ဒေသခံ အင်အား ၁၅၀၀ ခန့်သည် ဇူလိုင်လ ၂၄ ရက် (ယနေ့) နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် တောင်သာမြို့နယ် ဘုရားလှကျေးရွာမှ ရာအိမ်စုမှူး ဦးတင့်လွင်ဦးက ပြောကြားသည်။
ဥပဒေစိုးမိုးရေးမှာ ဘယ်အချိန် ဥပဒေစိုးမိုးမှု ရှိရမလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ ဥပဒေစိုးမိုးရေး ဖြစ်ဖို့ရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ လိုတစ်မျိုး မလိုတစ်မျိုး ဥပဒေစိုးမိုးရေးလား၊ အချိန်တိုင်းအတွက် ဥပဒေစိုးမိုးရေးလား။ ဥပဒေစိုးမိုးရေးမှာ မျှတစွာကျင့်သုံးဖို့၊ မျှတစွာ လိုက်နာစေဖို့အတွက်လည်း တာဝန်ရှိပါတယ်။ ဒါမှသာလည်း ဥပဒေကို လိုက်နာသူများအတွက် တရားမျှတမှု ရှိပါလိမ့်မယ်။
တရားဥပဒေ စိုးမိုးရေးဟုဆိုလျှင် သီအိုရီအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ဒေါက်တိုင်သုံးခုက အဓိက ကျသည်ဆိုသော်ငြား မြန်မာနိုင်ငံတွင်မူ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ကူညီ၊ ပံ့ပိုး၊ အားပေး၊ ထောက်ခံခြင်း၊ ကိုယ်တိုင် လက်တွေ့ လိုက်နာဆောင်ရွက်ခြင်းတို့ မရှိပါက မြန်မာပြည်သူ၊ ပြည်သားများ နေရာမရွေး၊ အချိန်မရွေး အေးချမ်း၊ လုံခြုံ၊ စိတ်ချသော ခံစားမှုမျိုး စိတ်တုံးတုံးချ ရရှိရန် ခက်ခဲနေဦးမည်
ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် “ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာ အသိပညာပြန့်ပွားရေးအသင်း” ကို ဖေဖော်ဝါရီလ ၂၅ ရက် မွန်းလွဲပိုင်းက ပုသိမ်မြို့မင်းကြီးလမ်းရှိ ကရုဏာစင်တာတွင် ဖွဲ့စည်းခဲ့သည်။
မန္တလေး တိုင်းဒေသကြီး မိတ္တီလာမြို့တွင် မြို့နယ်အဆင့် တရားသူကြီးနှစ်ဦးအား အယုံအကြည် မရှိကြောင်း အမှုရှုံးသွားခဲ့သော သားအမိနှစ်ဦးက ဦးဆောင်၍ လူငါးဦးက ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်)က ဆန္ဒထုတ်ဖော်ခဲ့ပြီး တရားသူကြီးနှစ်ဦးကို လိုလားထောက်ခံသူများကလည်း ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် (၁၀) နာရီအချိန်က တန်ပြန်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မန္တလေးမြို့တော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များအတွက် အငြိမ်းစား ရဲအရာရှိကြီးများထံမှ အကြံဉာဏ်များ ရယူလုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော် လုံခြုံရေးနှင့် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
ရန်ကုန်မြို့တော်၏ လမ်းမီးတိုင်များ၊ ဓာတ်တိုင်များ အားလုံးတွင် CCTV ကင်မရာများ တပ်ဆင်သွားရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။
တရားဥပဒေစိုးမိုးရေးကိစ္စ၊ အစိုးရ အုပ်ချုပ်ရေး ကိစ္စရပ်များနှင့် ဆိုင်သည့် အကြောင်းအရာများကို ပါတီဘက်မှ ဝင်ရောက်စွက်ဖက်မှုမျိုး မဖြစ်စေရန် စက်တင်ဘာ ၃ဝ ရက်နေ့က မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ အကြား ဆွေးနွေးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများထံမှ သိရသည်။
၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ဖျက်သိမ်းရေးကိစ္စ အပါအဝင် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု(MDCF) အဖွဲ့မှ ဦးထင်ကျော်(ခ) ကျော်ထင်နှင့်အဖွဲ့က ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့တွင် ဆန္ဒ ထုတ်ဖော်သည်။