News

POST TAGGED AS

စိုက်ပျိုးရေး

ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍအတွက် နည်းပညာများ တိုးတက်စေရန် Farmer’s Field School (စိုက်ပျိုး ပညာပေးစခန်း) များ ဖွင့်လှစ်မည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
ရွှေတောင်မြို့နယ်အတွင်း စစ်ကိုင်းကျွန်း (မြေနုကျွန်း) ပေါ်ပေါက်နေသော်လည်း လက်ရှိအချိန်အထိ ခွဲဝေချထားပေးခြင်း မရှိသည့်အတွက် စိုက်ပျိုးရေးနှင့် နေထိုင်ရေးအတွက် အခက်ကြုံနေရကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။
အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့် သင်ကြားနေသော ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို အခြေခံစိုက်ပျိုးရေး ပညာများ မဖြစ်မနေ သင်ကြားပေးရမည်ဖြစ်သော်လည်း သင်ကြားမှု အားနည်းနေကြောင်း သပိတ်ကျင်းမြို့ခံ စိုက်ပျိုးရေးတောင်သူများက ပြောကြားသည်။
ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် စက်တင်ဘာလ ပထမပတ်က စစ်တောင်းမြစ်ရေ ရေကြီး ရေလျှံမှုကြောင့် မိုးစပါး စိုက်ဧက တစ်သောင်းကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း မြေစာရင်းဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ဆန်စပါး အဓိက စိုက်ပျိုးထုတ်လုပ်သော ဧရာဝတီတိုင်းတွင် စည်းကမ်းပျက် ဆန်စက်များကို အလွယ်တကူ သက်တမ်း တိုးပေးနေသဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကြုံနေရကြောင်း ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောကြားသည်။
ပေါင်တည်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာတွင် လယ်ယာမြေပိုင်ဆိုင်ခွင့် လက်မှတ်(ပုံစံ ၇) ရရှိထားသော်လည်း မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကို ချေးယူ၍မရကြောင်း အဆိုပါဒေသခံများက ပြောကြားသည်။
မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များ အမေရိကန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။
ချင်းပြည်နယ် ထန်တလန်မြို့နယ် ကျေးရွာများရှိ ပြောင်းစိုက်ခင်းများအတွင်း ကြွက်များ ဝင်ရောက် ဖျက်ဆီးသဖြင့် စိုက်ခင်းများ ပျက်ခဲ့ကြောင်း ထန်တလန်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမူထန်က ပြောကြားသည်။
စိုက်ပျိုးရေးကဏ္ဍတွင် အရင်းကျေ ကာလနှင့် မြေယာကိစ္စ အခက်အခဲများ ရှိသောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမှာ တစ်ရာခိုင်နှုန်းပင် မပြည့်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် နယ်သာလန်နိုင်ငံ အခြေစိုက် အစိုးရ မဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း Consortium of Dutch NGO’s (CND) တို့ ပူးပေါင်းကာ သဘာဝဘေးဒဏ်ခံဒေသများ ပြန်လည် ထူထောင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။