News

POST TAGGED AS

စီးပွားရေး

ဘယ်မီဒီယာ၊ ဘယ်သတင်းကို သင်ဖတ်သလဲဆိုသည့်အပေါ် မှီခိုပြီး အကြောင်းမျိုးစုံ ဖတ်ရှုရပါလိမ့်မည်။ ကုန်ဈေးနှုန်း ကျဆင်းစေချင်သည်၊ စီးပွားရေး ပိုကောင်းစေချင်သည်ဆိုသော အခြေခံမှသည် ဘာသာရေးခေါင်းဆောင်များ ထိန်းချုပ်ထားသော အစိုးရတစ်ခုလုံး ပြုတ်ကျစေချင်သည်ဆိုသော လိုအင်ဆန္ဒအထိ အမျိုးမျိုးရှိနေပြီး အင်အားမကောင်းသော ကန့်ကွက်မှုတစ်ခုအဖြစ်မှသည် အာရပ်နွေဦးတော်လှန်ရေးပမာ အရှိန်အဟုန်ကြီးလာတော့မည့် ဖြစ်စဉ်တစ်ခု၏ နိဒါန်းအဖြစ် ဖော်ပြမှုမျိုးစုံရှိနေသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်း တရုတ်စီးပွားရေးအဖွဲ့ ၄၀ ခန့်က မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ သိရသည်။
နိုင်ငံတော် စီးပွားရေး ဆောင်ရွက်နေမှုများနဲ့ပတ်သက်ပြီး အားနည်းချက်၊ ချို့ယွင်းချက်များကို အချိန်မီ ပြင်ဆင်နိုင်မှသာ ၂၀၁၈ မှာ အစကောင်းမယ်လို့ မျှော်လင့်ရပါတယ်။ ဥပဒေပြုရေး အပိုင်းမှလည်း စီးပွားရေးမူဝါဒများ ပြန်လည် ဆန်းစစ်ခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုနေပါပြီ။
မြန်မာ-တရုတ် နှစ်နိုင်ငံပူးတွဲကော်မတီ အစည်းအဝေး၌ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
တရုတ်နိုင်ငံ၏ အဆမတန် မြင့်တက်လာသော စက်မှုစွမ်းရည်နှင့် အခြားသော ကုန်သွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ရင်ဆိုင်ရန် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ(အီးယူ)နှင့် ဂျပန်တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သိရကြောင်း ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်တစ်ရပ်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြသည်။
11-Dec-2017 tagged as စီးပွားရေး
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ညီနောင်အသင်းများက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်သည့် ကုန်သည်စက်မှုအသင်းချုပ် ညီလာခံတွင် စီးပွားရေးတိုးတက်မှုဆိုင်ရာ အချက် ၁၇ ချက်ကို သဘောတူဆုံးဖြတ်ခဲ့ကြပြီး အစိုးရထံ အကြံပြုတင်ပြမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
05-Dec-2017 tagged as စီးပွားရေး
စံချိန်တင်ဈေးနှုန်းထိ မြင့်တက်နေသည့်အတွက် နိုဝင်ဘာ ၃၀ ရက်နေ့မှစ၍ ပြည်ပမှကြက်သွန်များ တရားဝင် တင်သွင်းခွင့်ပြုထားသော်လည်း ယခုအချိန် (ဒီဇင်ဘာ ၄ ရက်)ထိ တင်သွင်းမည့်သူ မရှိသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ဆူဒန်နိုင်ငံအပေါ် နှစ်ပေါင်း နှစ်ဆယ်ကျော် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းပေးလိုက်ပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ပထမဆုံးအဖြစ် လက်ဖက်စိုနှင့် လက်ဖက်ခြောက် ထုတ်လုပ်သည့် စက်ရုံကို ဖွင့်လှစ်ခဲ့ကြောင်း Luthern world federation Myanmar မှ ဦးနီကိုလပ် မာန်ကီးက ပြောကြားသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဂျပန်နိုင်ငံ Japan Chamber of Commerce and Industry (JCCI) တို့ ပူးပေါင်း၍ ၁၃ ကြိမ်မြောက် ဂျပန်-မြန်မာ။ မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။