News

POST TAGGED AS

စီးပွားရေး

လူမူအကျိုးပြု စီးပွားရေးလုပ်ငန်း (Social Enterprise) များ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ရန် လုပ်ငန်းအမျိုးအစား မသတ်မှတ်ထားသဖြင့် မှတ်ပုံတင်ခွင့်လုပ်ငန်းထဲပါဝင်ရန် အစိုးရထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောကြားသည်။
စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖိတ်ခေါ်သည်။
ပို့ကုန်ပမာဏ တိုးတက်စေရန်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်း (National Export Strategy) တွင် ဆိတ်အရှင်တင်ပို့မှုကို ပို့ကုန်အမည်သစ်အဖြစ် ထည့်သွင်းဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။
စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ထောပတ်သီးဇုန်ကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ထောင်ရန် ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးလင်းသန့်အောင်က ပြောကြားသည်။
မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားတို့ ပေါင်းစည်းတည်ထောင်ထားသည့် ဖက်စပ်ကုမ္ပဏီများက ထုတ်လုပ်သည့် ကုန်ချော ၂၂ မျိုးကို ပြည်ပသို့ တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်သည့် အခွင့်အလမ်းအဆင့်အတန်းသည် လက်ရှိတွင် အဆင့် ၁၇၁ သို့ ရောက်ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း အဆင့်အတန်း တိုးတက်စေရန်အတွက် ဇန်နဝါရီလ ဒုတိယပတ်က လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
အစိုးရရဲ့ ဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့ အခွန်ကောက်ခံမှုမှာလည်း ခေတ်စနစ်နဲ့ညီတဲ့နည်းလမ်းတွေ၊ မတိုးချဲ့နိုင်သေးတာတွေနဲ့ လိုတစ်မျိုး မလိုတစ်မျိုး အခွန်နှုန်းထား ပြောင်းလဲပေးနေတာတွေ၊ ကင်းလွတ်ခွင့်ပြုပေးနေတာတွေကလည်း ရေရှည်မှာ အလုပ်ဖြစ်လာမယ် မထင်ပါဘူး။
ရန်ကုန်စတော့အိတ်ချိန်းသို့ ငါးခုမြောက်စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်မည့် TMH တယ်လီကွန်း အများပိုင်ကုမ္ပဏီသည် လက်ရှိ၌ အများပြည်သူသို့ ကမ်းလှမ်းရောင်းချနေသည့် IPO အစုရှယ်ယာ တစ်စုဈေးနှုန်း ကျပ် ၃၀၀၀ ဖြင့်သာ စတော့အိတ်ချိန်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ထံမှ သိရသည်။