News

POST TAGGED AS

စီးပွားရေး

မြန်မာ့စီးပွားရေးအပေါ် အစိုးရအနေနှင့် ယုံကြည်မှုလွန်ကဲပြီး အမွှမ်းမတင်ရန်လိုအပ်ကြောင်း ဘောဂဗေဒပညာရှင် ဒေါက်တာဦးမြင့်က ပြောကြားသည်။
ယနေ့လက်ရှိနိုင်ငံတော်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှု ရှိ မရှိဆိုတဲ့ ကိန်းဂဏန်းဆိုင်ရာ ကိစ္စရပ်တွေအကြားက အငြင်းပွားမှုတွေ အဆုံးသတ်ဖို့ဆိုရင် ယခုစတင်ကျင့်သုံးမယ့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကို စနစ်တကျ အသက်ဝင်အောင် ဆောင်ရွက်ကြပြီး အခြား ဖြေလျှော့သင့် ပြင်ဆင်သင့်တဲ့ အချက်တွေကိုလည်း လိုက်ပါဆောင်ရွက်ပေးမှသာ မြေပြင်မှ ပြည်ပက ဝင်ရောက်လာမယ့် ကုမ္ပဏီတွေနဲ့ ပြည်တွင်းက ကိုယ့်နိုင်ငံသား ကုမ္ပဏီတွေအတွက် အရာရာအဆင်ပြေ ချောမွေ့စေနိုင်မှာ ဖြစ်ပါတယ်။
မြို့နယ်သုံးခုရှိ ကမ္ဘောဇဘဏ်ခွဲ (KBZ) များတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ဘဏ်စာရင်းဖွင့်ထားသော အကောင့်ကိုဟက်ပြီး ငွေများလိမ်လည်ထုတ်ယူသွားသော နိုင်ဂျီးရီးယားနိုင်ငံသား၏ အမှုကို စီအိုင်ဒီထံ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဗြိတိန်အစိုးရက အမေရိကန် ဒေါ်လာသန်း ၂၀၀ ကူညီမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်သည်စက်မှုအသင်း (MRCCI) ထံမှ သိရသည်။
... နိုင်ငံရေးစနစ် ဘယ်လောက်ကောင်းကောင်း အဂတိတရား ဘယ်လောက်ကင်းပါတယ်ဆိုဆို နိုင်ငံကို စီးပွားရေးတိုးတက်အောင် မလုပ်နိုင်ဘူး၊ ပြည်သူတွေကို ဝမ်းဝခါးလှအောင် မဆောင်ကြဉ်းပေးနိုင်ဘူး၊ အလုပ်အကိုင် မဖန်တီးပေးနိုင်ဘူး၊ ပညာရေးစနစ် မတည်ငြိမ်သလို နည်းစနစ် မမှန်ဘူး၊ နိုင်ငံ့ဝန်ထမ်းတွေ လစာနည်းပါးနေမယ်၊ နိုင်ငံ့ဘဏ္ဍာ ခွဲဝေသုံးစွဲမှုတွေမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင်တော့ သူ့ကိုထောက်ခံမယ့် ပြည်သူတွေရဲ့ရာခိုင်နှုန်းဟာ အတော်နည်းပါးသွားတာ မြင်ရပါလိမ့်မယ်။ ဥပမာအနေနဲ့ တရုတ်နဲ့ စင်ကာပူ အစိုးရတို့ရဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် မြင်ကြရနိုင်ပါတယ်။ ဥပမာယူပြီး ကြိုးစားသင့်ပါတယ်။
ကျွန်ုပ်တို့နိုင်ငံရှိ မျိုးဆက်သစ်လူငယ်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်သည့် ပင်ကိုစွမ်းရည်များ ရှိကြသည်။ သို့သော် စိန်ခေါ်မှုရှိနေသော အခြေအနေများတွင် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် မဆုတ်မနစ် ကြိုးစားရန်နှင့် တီထွင်ဖန်တီးနိုင်ရန် အရည်အချင်းများ ပိုမိုလိုအပ်နေသည်။ ထိုအရည်အချင်းများသည် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကဲ့သို့ များစွာ အရေးကြီးလှပါသည်။
အဝေးသင်ဌာနခွဲများတွင် စီးပွားရေးပညာနှင့် စီးပွားစီမံပညာရပ်သင်ကြားမှုများ ရပ်ဆိုင်းတော့မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေနှင့် သက်ဆိုင်ရာနယ်မြေရှိ စီးပွားရေးတက္ကသိုလ်များ၌သာ အဝေးရောက်တက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။
အဝေးသင်ဌာနခွဲများတွင် စီးပွားရေးပညာနှင့် စီးပွားစီမံပညာရပ် သင်ကြားမှုများ ရပ်ဆိုင်းတော့မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေနှင့် သက်ဆိုင်ရာနယ်မြေရှိ စီးပွားရေး တက္ကသိုလ်များ၌သာ အဝေးရောက် တက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် အစိုးရဘဏ္ဍာရေး၊အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ထမ်းဆောင်ရန် သင့်၊ မသင့်ကို ဇွန်လ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲ သုံးပုံ နှစ်ပုံ မပြည့်သည့်အတွက် ရှုံးနိမ့်သွားသည်။
နိုင်ငံတော်ကတော့ ဝန်ထမ်းများ အဆင်ပြေစေရေး လစာတိုးပေးပါတယ်။ အထူးကျေးဇူးတင်ရပါတယ်။ သို့ပေမယ့် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းက တိုးလာတဲ့လစာကို ကျော်တက်သွားပါတယ်။ ဝန်ထမ်းတွေမှာတော့ မြင်သာမြင်ရ မကြင်ရတဲ့ဘဝပါ။ ဒီတော့ ပြည်သူများရဲ့ နေ့စဉ်ဘဝတွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးကိုလည်း ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ လိုနေပါပြီ။ ရေတိုစီးပွားရေး၊ ရေရှည်စီးပွားရေး အကောင်အထည်ဖော်ရန် အရေးတကြီး လိုအပ်နေပါတယ်။