News

POST TAGGED AS

စီမံကိန်း

26-Jan-2018 tagged as စီမံကိန်း မြေ
မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ မြို့သစ်စီမံကိန်းအတွက် သိမ်းဆည်းမြေယာဧက ငါးထောင်ကျော်ကို ပြန်လည်စွန့်လွှတ်မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များအားလုံးကို အဆင့်မြှင့်တင်ရာတွင် တောင်ဒဂုံစက်မှုဇုန်ကို ရှေ့ပြေးစီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် ရွေးချယ်လိုက်ကြောင်း တောင်ဒဂုံစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။
လာမည့်လေးနှစ်အတွင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်စုစုပေါင်း ၃၆၀၀ ကျော် ထုတ်လုပ်သွားရန် စီမံထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဆောင်ရွက်နေသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အသေးစား လျှပ်စစ်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ရန် အဆိုပြုလွှာများခေါ်ယူခဲ့ရာ ကုမ္ပဏီရှစ်ခုကို ရွေးချယ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့် မလွတ်ကင်းသော အဆောက်အအုံ၊ မြေကွက်နှင့်ဆိုင်ခန်းများကို မြေယာလျော်ကြေး၊ မြေငှားရမ်းခ ပေးချေပြီးစီးခြင်းကြောင့် ဇန်နဝါရီလ ၃၁ ရက်တွင် အပြီးဖယ်ရှားပေးရန် တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်း လမ်းတံတားဦးစီးဌာနထံမှ သိရသည်။
ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်နိုင်ရန် သပိတ်ကျင်းမြို့နယ်လုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းမည်ဖြစ်ကြောင်း ယင်းမြို့နယ် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်လင်းက ပြောကြားသည်။
JICA ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်ရန် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ဖက်စပ် ကုမ္ပဏီ ရှစ်ခုအနက် သုံးခုကိုသာ ဆန်ခါတင် ရွေးချယ်ပြီးဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နှစ်က တစ်ရွာလျှင် သိန်းငါးဆယ်နှုန်း ခွဲဝေခဲ့သော်လည်း လာမည့်နှစ်တွင် တစ်ရွာလျှင် ကျပ်သိန်းတစ်ရာနှုန်း ချထားပေးသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ကျေးလက်ဦးစီးဌာနထံမှ သိရသည်။
29-Dec-2017 tagged as စီမံကိန်း
ပဲခူးတိုင်းနှင့် မွန်ပြည်နယ်ရှိ မြို့နယ် ၅ ခုမှ ရေလုပ်သားအချို့ကို ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံသို့ လေ့လာရေး ပို့ဆောင်မည်ဖြစ်ကြောင်း မုတ္တမ စီမံကိန်း ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့နယ်စုစီမံကိန်း ညှိနှိုင်းရေးမှူး ဦးဇော်မင်းအောင် ကပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရနှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်းကာ စစ်တွေကမ်းရိုးတန်းတွင် မြေဧက ၉၀ ရှိမည့် မြို့သစ်စီမံကိန်း ဖော်ဆောင်လျက်ရှိရာ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။