News

POST TAGGED AS

စီမံကိန်း

ကော့သောင်းမြို့နယ်အတွင်း အလတ်စား လေအားလျှပ်စစ်စီမံကိန်း ပြုလုပ်ရန်အတွက် ဖြစ်မြောက်နိုင်ခြေ ရှိ၊ မရှိ အကြိုစူးစမ်းလေ့လာမှုကို ၁၁၉၉ တောင်ပေါ်တွင် ပြုလုပ်မည်ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း အကောင်အထည်ဖော်နေတဲ့ ရတနာပုံဆိုက်ဘာစီးတီး (New Mandalay Resort City) တွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို စတင်ဖိတ်ခေါ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ် ၆ မြို့နယ်ရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းပေါင်း ၁၀၀၀ ကျော်ကို ရောင်းချပေးမည်ဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်-ဒလတံတား တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မလွတ်ကင်းသည့် အဆောက်အအုံများအနေနှင့် ဖယ်ရှားခြင်းမပြုပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လေဆိပ်သစ်တည်ဆောက်ရန် မြောက်ဦး လေယာဉ်ကွင်းစီမံကိန်းကို စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ဘဏ္ဍာနှစ်တစ်နှစ်ရဲ့ ရည်မှန်းချက်ဟာ နိုင်ငံတော် ရေရှည်ရည်မှန်းချက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ပြည်သူများရဲ့ လတ်တလောလိုအပ်ချက်များနဲ့လည်း ကိုက်ညီသင့်ပါတယ်။ နိုင်ငံတော်ရဲ့ ရေရှည်ရည်မှန်းချက်ဆိုရာမှာလည်း တည်ဆဲအစိုးရတစ်ရပ်အတွက်သာ မဟုတ်ပါဘူး၊ မည်သို့သော အစိုးရ ပြောင်းလဲသွားသည်ဖြစ်စေ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ့် ရည်မှန်းချက်များ ဖြစ်ဖို့လိုပါလိမ့်မယ်။ သို့မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရရှိနိုင်မှာ ဖြစ်ပါတယ်။
ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ပုပ္ပါးတောင်ကလပ် ကေဘယ်လ်ကား စီမံကိန်းကို အိန္ဒိယကုမ္ပဏီက အမေရိကန်ဒေါ်လာ သုံးဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောကြားသည်။
အစိုးရစီမံကိန်းများ ပြီးစီးရေးတွင် နှောင့်နှေးမှုများစွာ ဖြစ်ပေါ်စေပြီး ခြစားမှု ပေါက်ဖွားစေသော တင်ဒါခေါ်ယူသည့်လုပ်ငန်းစဉ်ကို အဆုံးသတ်လိုကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားခဲ့သည်ဟု Inquirer သတင်းစာက ဖော်ပြသည်။
ဧရာဝတီတိုင်း မြို့နယ်များရှိ ကျေးရွာ ၉၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Project) လုပ်ငန်းများကို ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ကာ ဆောင်ရွက်နေပြီး ကျပ်သန်း ၉၅၀ အသုံးပြုမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းထံမှ သိရသည်။
ထားဝယ်မြို့ ကမ်းနားလမ်းကို အဆင့်မြှင့်မည့်စီမံကိန်း စတင်ပြီးနောက် အဆိုပါလမ်းရှိ အိမ်၊ ခြံနှင့် မြေကွက်များကို ဝယ်လိုသူများကာ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူးက ပြောသည်။