News

POST TAGGED AS

စီမံကိန်း

ချင်းပြည်နယ်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ရရှိခဲ့သည့် ဘတ်ဂျက်များအနက် တစ်ဝက်ကျော်ကို လမ်းတံတားတည်ဆောက်ရေး စီမံကိန်းများအတွက် အသုံးပြုခဲ့ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောကြားသည်။
စစ်တွေမြို့၏ ကုလားတန်မြစ်၌ အစိုးရနှင့် BXT International Co., Ltd. တို့ ပူးပေါင်းကာ မြေဖို့မြေယာဖော်ထုတ်ရေး စီမံကိန်းကြောင့် လက်ခတ်လှေသမားများ ဆိုက်ကပ်နေရာဝေးခြင်းနှင့် ကုန်တင်ကုန်ချခက်ခဲခြင်းတို့ ရင်ဆိုင်နေရကြောင်း လှေသမားများက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် သုံးနှစ်တာကာလအတွင်း ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများကို တိုင်းဒေသကြီးလွှတ်တော်ထံ ၂၀၁၈ ခုနှစ် ဧပြီလတွင် တင်ပြမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွဲဆည်ကန်ကားကွင်း (ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း) ကို အဆင့်မြှင့်တင်ရန်ရှိနေသောကြောင့် တံခွန်တိုင်အဝိုင်းအနီးတွင် ယာယီယာဉ်ရပ်နားစခန်းဖွင့်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်နေသည်။
“နတလက လုပ်တာနဲ့ ကျွန်တော်တို့ CRR ကလုပ်တာ မတူပါဘူး။ နတလက ရန်ကုန်က ကျူးကျော်တွေ၊ အိမ်ခြေရာမဲ့တွေခေါ်ပြီး နေရာချပေးတာ။ ကျွန်တော်တို့က တကယ် အလုပ်လုပ်ပြီး လာနေမယ့် ရခိုင်တိုင်းရင်းသားတွေကို ဦးစားပေး ဖိတ်ခေါ်ပြီး အကူအညီပေးတာ”
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတစ်လျှောက်ရှိ အင်းစိန်ဘူတာအပါအဝင် ရထားလူကူးခုံးကျော်တံတား ၃၅ စင်းကို လာမည့် ဘဏ္ဍာနှစ်၌ တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယား BXT ကုမ္ပဏီတို့ ပူးပေါင်းဖော်ဆောင်သည့် စစ်တွေမြို့သစ်စီမံကိန်းကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှသာ မြေကွက်များ ရောင်းချခွင့်ပြုမည်ဖြစ်ပြီး လက်ရှိရောင်းချမှုကို လုံးဝရပ်ဆိုင်းရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
မန္တလေးကျုံးပတ်လည်၌ လက်ရှိ တပ်ဆင်ထားသော လက်ရန်းများနေရာတွင် CNC (Computer Numerical Control) နည်းပညာသုံး စတီးပိုက်များဖြင့် အစားထိုးလဲလှယ်နိုင်ရန် မြို့တော်စည်ပင်သာယာရေးကော်မတီက ပြင်ဆင်နေပြီဖြစ်သည်။
အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့် တန်ဖိုးရှိ ရန်ကုန်ဘူတာကြီး ဖွံ့ဖြိုးရေးလုပ်ငန်းကြီးအား ဆောင်ရွက်ရန် မြန်မာနိုင်ငံမှ Min Dhama၊ တရုတ်နိုင်ငံမှ Sino Great Wal နှင့် စင်ကာပူတွင် စာရင်းသွင်းထားသည့် Oxley Holdings တို့ ကို ရွေးချယ်လိုက်ကြောင်း Oxley Holdings က သတင်းထုတ်ပြန်သည်။
မန္တလေးတောင်ခြေမှ တောင်ပေါ်သို့ အတက်အဆင်းပြုလုပ်နိုင်မည့် ကေဘယ်လ်ကားစီမံကိန်းအတွက် လူမှုဘဝ ဆန်းစစ်ခြင်းလုပ်ငန်းများ (HIA) ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်မည့် Sky Dream Co., Ltd. ထံမှ သိရသည်။