News

POST TAGGED AS

စီမံကိန်း

ထားဝယ် အထူးစီးပွားရေးဇုန် လျော်ကြေးနှင့်ပတ်သက်၍ ပြည်သူများ ထိခိုက်နစ်နာစေမည့်အလုပ်မျိုးကို လုပ်ဆောင်မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။
ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းဆောင်ရွက်ရန် မတ်လကုန်မှစတင်ကာ မြေတိုင်းတာမှုလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း တွံတေးမြို့နယ် မဲဆနနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောကြားသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ဗိုလ်ချုပ်ပန်းခြံဂေါက်ကလပ်ကို အများပြည်သူများ အပန်းဖြေအနားယူရာ နေရာတစ်ခုအဖြစ် သန့်ရှင်းသပ်ရပ်စွာ တည်ရှိရေးအတွက် အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီကလေးကစားကွင်းများ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ကမ်းတွင် ဖော်ဆောင်နေသော မြို့သစ်စီမံကိန်းအတွက် မြေဖို့ရန် ၂၀ ရာခိုင်နှုန်း ကျန်ရှိနေသဖြင့် ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။
အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေမှု ရပ်ဆိုင်းပေးရန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နားမခေါ်အုပ်စု၊ တာလုံကျေးရွာ အနီးရှိ မြစ်ငယ်မြစ် (ခေါ်)နမ္မတူမြစ်ကမ်းဘေး၌ တာလုံကျေးရွာသား ၃၀၀ ခန့်က မတ်လ ၁၄ ရက် မြစ်ချောင်းအင်းအိုင်များအတွက် နိုင်ငံတကာလှုပ်ရှားမှုနေ့တွင် လေးကြိမ်မြောက် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်း အိန္ဒိယက တည်ဆောက်ပေးမည့် တံတားစီမံကိန်းများနှင့် မလွတ်ကင်းသည့်အရာများကို ဖယ်ရှားရာတွင် ကုန်ကျမည့်စရိတ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများထံသို့ ပေးအပ်ခဲ့ကြောင်း တံတားအထူးအဖွဲ့ (၂) မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်ဝင်းက ပြောကြားသည်။
တောင်​ငူဘုရင်​ ဘုရင့်​နောင် တည်​​ထောင်​ခဲ့သည့် ပဲခူးမြို့ ဟံသာဝတီမြို့ရိုး​ဟောင်း၊ ကျုံး​ဟောင်းများနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကျပ်သိန်း ၄၇၀၀ ကျော်အထိ သုံးစွဲ၍ ပြန်လည်တူးဖော် ပြုပြင်ထိန်းသိမ်းရန် လျာထားကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းအချို့ကို တိုင်းလွှတ်တော်သို့ တင်ရန် လို/မလိုနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ တင်သွင်းမေးမြန်းမည့်ကိစ္စအား ဆိုင်းငံ့ကာ အခြေအနေစောင့်ကြည့်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် လျော်ကြေးပေးရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပိုက်လိုင်း စီမံကိန်းကုမ္ပဏီ CNPC တို့ဘက်မှ သီးနှံလျော်ကြေး တွက်ချပေးရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် တောင်သူများမှာ လျော်ကြေးအပြည့်အဝ မရရှိသေးကြောင်း ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စာသင်ကျောင်း ၃၀၀ ကို ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီး ကျောင်းဆောင်များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် လုံဟေးမူလတန်းလွန်ကျောင်း၌ မတ်လ ၃ ရက်တွင်ပြုလုပ်ခဲ့သည်။