News

POST TAGGED AS

စာကြည့်တိုက်

ဒေလီမြို့ စာသင်ကျောင်းများကို CCTV ကင်မရာမှတစ်ဆင့် မိဘများ စောင့်ကြည့်နိုင်မည်
ဒေလီ၊ ဇန်နဝါရီ ၁၈

အိန္ဒိယနိုင်ငံ၏ မြို့တော်ဒေလီတွင် နေထိုင်သော မိဘများအနေနှင့် ၎င်းတို့သားသမီးများ ကျောင်းခန်းတွင်း ပညာသင်ယူနေပုံများကို မိုဘိုင်းဖုန်း APP အသုံးပြုကာ တိုက်ရိုက်ကြည့်ရှုနိုင်တော့မည်ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဒေလီမြို့တော်ဝန် အာဗင်ကက်ခ်ျရီဝါလ်၏ အဆိုအရ အစိုးရစာသင်ကျောင်းများအားလုံးတွင် လာမည့်သုံးလအတွင်း CCTV ကင်မရာများ တပ်ဆင်တော့မည်ဖြစ်သည်။ အဆိုပါကင်မရာများကို မိုဘိုင်းဖုန်း APP အသုံးပြုကာ မိဘများအနေနှင့် သားသမီးများ စာသင်နေပုံများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ 

ထိုသို့ CCTV များ တပ်ဆင်လိုက်ခြင်းကြောင့် စာသင်ကျောင်းများတွင်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတို့ ပိုရှိလာမည်ဖြစ်သည်။ အိန္ဒိယတွင် ကလေးငယ်များ လုံခြုံရေးနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း စာသင်ကျောင်းတစ်ကျောင်း၏ ရေအိမ်ထဲတွင် ယောကျာ်းလေးတစ်ယောက် လည်ပင်းဓားဖြင့် အလှီးခံခဲ့ရပြီးနောက် ထိုသို့ကလေးငယ်များ လုံခြုံရေးအပေါ် ပိုမိုဂရုစိုက်လာကြခြင်းဖြစ်သည်။ 

အလားတူပင် ဒေလီမြို့အရှေ့ပိုင်းခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင်လည်း အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရသည်။ 

အချို့သော မိဘများက ထိုသို့ CCTV ကင်မရာများ တပ်ဆင်ပေးမှုကို ကြိုဆိုခဲ့ကြသော်လည်း အခြားသူများကမူ စောင့်ကြည့်ခံနေရသည့် လူ့အဖွဲ့အစည်းဖြစ်လာမည့် အရိပ်လက္ခဏာတစ်ခုအဖြစ် လှောင်ပြောင်ပြောဆိုကြသည်။

F-01



FOLLOW US