News

POST TAGGED AS

စာကြည့်တိုက်

ကျိုင်းတုံတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဖွဲ့စည်း


ကျိုင်းတုံ၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့တွင် ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများ စုပေါင်းကာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းကို ဖွဲ့စည်းခဲ့ကြောင်း မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ရှမ်းပြည်နယ် ဒုဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်က ပြောကြားသည်။ 

ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့နယ်များတွင် ပထမဆုံးဖွဲ့စည်းခြင်းဖြစ်ပြီး ကျန်မြို့နယ်များကိုလည်း ဆက်လက်ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ ကျေးလက်စာကြည့်တိုက် ဖွင့်လှစ်လိုသည့် ရွာများကို ငွေကြေးကူညီပေးမည်ဖြစ်ပြီး စာအုပ်များကို အခမဲ့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ကျိုင်းတုံမြို့နယ် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းကို အလုပ်အမှုဆောင် ကိုးဦးဖြင့်စတင် ဖွဲ့စည်းထားပြီး လက်ရှိနှစ်တွင် မြို့နယ်အတွင်း၌ စာကြည့်တိုက်အသစ်တစ်ခု ဖွင့်လှစ်နိုင်ရန်နှင့် အခြေခံစာကြည့်တိုက်သင်တန်း သုံးကြိမ်ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း ယင်းမြို့နယ် ဥက္ကဋ္ဌ ဦးလှမြင့်က ရှင်းပြသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် ၁၁ ခုတွင် ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းယောင်းမြို့နယ်တို့တွင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် စာကြည့်တိုက် တစ်ခုစီ ဖွင့်လှစ်ထားသည်။  

R-16



FOLLOW US