News

POST TAGGED AS

စားသောက်ကုန်

26-May-2017 tagged as စားသောက်ကုန်
အရည်အသွေးပြည့်မီ၍ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်ကုန်များအား အရည်အသွေး ကိုက်ညီမှု အမှတ်တံဆိပ် (Quality Mark) ကို တစ်နှစ်အတွင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။
ပြည်တွင်း၌ အစားအသောက် ထုတ်လုပ်သူများသည် ထုတ်လုပ်သည့် ကုန်ပစ္စည်း၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် ပါဝင်သော အချက်အလက်များကို သုံးလအတွင်း ထည့်သွင်း ဖော်ပြရမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။
ကျောင်းမုန့်ဈေးတန်းများ အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်းရှိ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကျန်းမာရေးနှင့် မညီညွှတ်သည့် ဓါတုဆိုးဆေးပါ စားသောက်ကုန်များ၊ စားသောက်ဖွယ်ရာများ ရောင်းချနေခြင်းကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန် တာဝန်ရှိသည့် ဌာနဆိုင်ရာများ စုပေါင်းပါဝင်သောနိုင်ငံတော်အဆင့် စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်သည်