News

POST TAGGED AS

စားသုံးသူရေးရာ

စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC) ဖွင့်လှစ်ခဲ့သည့် တစ်နှစ်တာကာလအတွင်း တိုင်ကြားသည့် အမှု ၅၃ ခုရှိကြောင်း မန္တလေးတိုင်း စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းက ပဲစားပွဲတော်များ ပြုလုပ်နေခြင်းကို ကန့်ကွက်သည့် သဘောထားကြေညာချက်နှင့် ပတ်သက်၍ စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းတို့ ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းထံမှ သိရသည်။
ပုသိမ်မြို့၏ ထွက်ကုန်တစ်ခုဖြစ်သော ပုသိမ်ဟာလဝါတွင် ကုန်ပစ္စည်း အမှတ်တံဆိပ်အပြင် ပါဝင်ပစ္စည်းများကို ဖော်ပြထားသည့် အမှတ်တံဆိပ်များကို ဇန်နဝါရီလမှစတင်ကာ ထည့်သွင်းရောင်းချရန် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တားမြစ်ထားသည့် ဆိုးဆေးပါ မုန့်အမျိုး ၄၀ ကို ဇန်နဝါရီလ ၉ ရက်နေ့ကစတင်၍ စစ်ဆေးရှာဖွေနေကြောင်း ကျိုင်းတုံမြို့ ဒုတိယပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးလှစိုးက ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့ ပူးပေါင်းကာ ပဲစားသုံးမှုမြှင့်တင်ပွဲနှင့် ပဲစားပွဲတော်များ ပြုလုပ်နေခြင်းကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီး ဌာန (မန္တလေးတိုင်း) အောက်ရှိ စားသုံးသူအသင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာဖွင့်လှစ်ပြီး ငါးလအတွင်း တိုင်ကြားမှု ၁၃ ကြိမ် ရှိနေပြီဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရ သည်။
ဆီထွက်သီးနှံ ကုန်ကြမ်းဈေး တက်ခြင်း၊ ရောနှောဆီနှင့် စားအုန်းဆီများ ပြည်ပမှ တရားမဝင် ဝင်ရောက်ခြင်းတို့ကြောင့် ပြည်တွင်း ဆီစက်လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်သည် အရှုံးနှင့် ရင်ဆိုင်နေရပြီး လုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိကြောင်း ဆီစက် လုပ်ငန်းရှင်များထံမှ သိရသည်။
ဓာတုအနံ့ပေးထားသည့် စားအုန်း ဆီ၊ ပြန်ကြော်ဆီ၊ တိရစ္ဆာန်ဆီ၊ မြေပဲဆီတုနှင့် နှမ်းဆီတုများကို ရောနှော ရောင်းချခွင့်မပြုဟု အမြန်ဆုံး ကြေညာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၌ စားသုံးသူ အငြင်းပွားမှုများ ဖြေရှင်းပေးနိုင်ရန် ယနေ့ (စက်တင်ဘာ၂၈ရက်) နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ကော်မတီဝင်များ တွေ့ဆုံ ညှိနှိုင်း