News

POST TAGGED AS

စားနပ်ရိက္ခာ

သီဟတင်စိုးကို မုဒိမ်းမှုဖြင့်တိုင်ကြားသူ အမျိုးသမီး ပဲခူးတွင် အလားတူ တိုင်ကြားထား၊ အမှုစစ်ရာတွင် ပူးပေါင်းကူညီမည်ဟု ပဲခူးခရိုင် ရဲမှူးပြော
ပဲခူး ၊ ဇူလိုင် ၁၇

အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှုဖြင့် တရားလိုပြု အမှုဖွင့်တိုင်ကြားထားသော အသက် ၄၀ နှစ် အိမ်အကူ အမျိုးသမီးမှာ လွန်ခဲ့သည့် သုံးလကျော်က ပဲခူးမြို့တွင် အမျိုးသားတစ်ဦးကို ယင်းဖြစ်စဉ်ကဲ့သို့ မုဒိမ်းမှုဖြင့် တရားစွဲဆိုထားမှုရှိကြောင်း ပဲခူး အမှတ် (၃) ရဲစခန်းမှူးက ပြောကြားသည်။

အဆိုပါ အမှုအတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ အမှုစစ်ဆေးမှုများတွင် လိုအပ်မှုများရှိပါက ပဲခူးတိုင်း ရဲတပ်ဖွဲ့ဘက်မှ အမှုစစ်ဆေးပေါ်ပေါက်ချက်များကို ပေးပို့ကာ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။ 

“ဒီအမှုက တရားလိုက တစ်ဦးတည်းဖြစ်နေတယ်။ ဒါကြောင့် ဒီဘက်က အမှုဖြစ်စဉ်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဆီ သတင်းပေးပို့ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်။ ဒီနေ့လည်း သီဟတင်စိုးဘက်က ဆွေမျိုးတွေ အမှတ် ၃ ရဲစခန်းဆီလာပြီး စခန်းမှူးနဲ့ တွေ့ဆုံစကားပြောကြတယ်။ အသေးစိတ်ကိုတော့ စခန်းမှူးပဲ သိလိမ့်မယ်”ဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ရှင်းပြသည်။ 

သီဟတင်စိုးကို မုဒိမ်းမှုဖြင့် တရားလိုပြု အမှုဖွင့်တိုင်ကြားထားသူ ဒေါ်ခင်မာမြင့်မှာ ဒေါ်ခင်မာညို အမည်ဖြင့် ယခုနှစ် မတ်လ ၃ ရက်နေ့က ပဲခူးမြို့ အမှတ် (၃) ရဲစခန်းတွင် အသက် ၂၈ နှစ် ကိုအောင်နိုင်ထွန်းကို မုဒိမ်းမှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး ယင်းအမှုကို ပဲခူးမြို့နယ် တွဲဖက်တရားသူကြီးရုံး (၄)တွင် လတ်တလော စစ်ဆေးနေဆဲဖြစ်သည်။ 

မုဒိမ်းမှုဖြင့် တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့သော ဒေါ်ခင်မာညိုမှာ ပဲခူးမြို့၊ ပန်းလှိုင် ၂၁ လမ်းမှာရှိတဲ့ ပွဲရုံလုပ်ငန်းရှင် ဦးဝင်းမင်းနေအိမ်တွင် လစာ တစ်လလျှင် ကျပ်တစ်သိန်းခွဲဖြင့် အိမ်အကူ ဝင်ရောက်လုပ်ကိုင်နေချိန် ရှစ်ရက်မြောက်ဖြစ်သော မတ်လ ၁ ရက်နေ့ (တပေါင်းလပြည့်နေ့)တွင် အိမ်ရှင်၏ လူယုံတပည့်ဖြစ်သူ အောင်နိုင်ထွန်းက သကြားကုန်ပစ္စည်းများ သိုလှောင်သည့် ဂိုဒေါင်ထဲတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ပဲခူးမြို့အမှတ် (၃) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး ယင်းအမှုကို (ပ) ၁၆၆/၂၀၁၈၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ အောင်နိုင်ထွန်းကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး လက်ရှိ ယင်းအမှုမှ ဒေါ်ခင်မာညိုကို စစ်ဆေးထားပြီးဖြစ်ကာ အမှုစစ်ဆေးချက် အသေးစိတ်ကိုသိရှိလိုပါက တရားရုံးထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရဲအရာရှိက ပြောသည်။

S-03



FOLLOW US